Chapter-1 ဘဝသစ်

2.6K 233 2
                                    

သူအကြာကြီးအိပ်ပျော်သွားပြီးနောက်နိုးလာသည် မျက်လုံးတွေကိုပိုကျယ်လာအောင်ဖွင့်လိုက်သည် သူဘေးကိုကြည့်လိုက်တော့ သူဘေးမှာလူတစ်ယောက် သူ့ကိုဒေါသအကြည့်နဲ့ကြည့်နေသည် ထိုသည်မှာကျောင်းစည်းကမ်းကိုဖောက်ဖြတ်ထားသည့်ကျောင်းသားကိုအပြစ်ပေးတော့မည့်ကျောင်းအုပ်ကြီးအကြည့်နဲ့တော်တော်တူသည်

"ဘယ်သူလဲ?"

သူပြောခဲ့တဲ့ပထမဆုံးစကားကတော့ ထိုသူ ဘယ်သူဆိုတာမေးခြင်းဖြစ်သည် သူသေချာပေါက်သိသင့်တာပေါ့ ထိုသူကသူနဲ့မရင်းနှီးဘူးလေ သူစိမ်းတစ်ယောက်ဆိုတော့  သူမိဘတွေဒီမှာရှိသင့်တာ ထိုသူမဟုတ်ဘူး

"ငါဘယ်သူလဲ?" ထိုသူကသူ့ရဲ့မေးခွန်းကိုပြန်ပြောလာသည် ထိုသူရဲ့မျက်လုံးတွေကျွတ်ထွက်လာတော့မလိုဖြစ်သွားသည် သူဘယ်သူလဲဆိုတာသိရဲ့သားရဲ့ ဒီလိုမေးခွန်းမျိုးမေးတယ်ဆိုတာမယုံနိုင်စရာပဲ

"ယောင်းမင် မင်းကငါ့မိန်းမလေ ပြောရရင် ငါကမင်းယောကျာ်း ငါ့နာမည်က ယောင်းရှန်း"

'ယောင်းမင်? ဘယ်သူကယောင်းမင်လဲ? ငါကယောင်းမင်မဟုတ်ပါဘူး ငါ့နာမည် ပတ်ထယ်ဟန်လေ ငါ့မျိုးရိုးနာမည်က ပတ် ပါ ငါကကိုရီးယားစစ်စစ်လေ တရုတ်မဟုတ်ပါဘူး ဒီကိုဘယ်လိုရောက်လာတာလဲ? တရုတ်ပြည်ကိုဘယ်လိုလုပ်…ငါမတော်တဆဖြစ်တာမှတ်မိတယ် ငါမသေဘူးပေါ့ ဒါပေမယ့်ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုရီးယားကနေ တရုတ်ပြည်ကိုလေ!? ငါထင်ယောင်ထင်မှားဖြစ်နေတာဖြစ်မယ် ငါအိမ်မက်မက်နေတာလို့ပြောပေးကျပါ!!'

"ယောကျာ်း?မင်းက?"ထယ်ဟန်သူ့ကိုသေလောက်တဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ ယောင်းရှန်းကိုလက်ညိုးထိုးပြီးမေးလိုက်သည်

"မင်းရဲ့ယောကျာ်းအပေါ်လေးစားမှုတွေမရှိတော့ဘူးလား!"

ထယ်ဟန် ဘာမှမပြောနိုင်ပဲအော်ရယ်ဖို့သာတက်နိုင်တော့သည် 'လေးစားရမယ် ဟာသပဲ ဒီသူကသူ့ကိုရိုသေနာခံတဲ့မိန်းမနေရာကနေစေချင်တာလား? ဘယ်တုန်းက လေးစားရမယ့်ယောကျာ်းရသွားတာလဲ? လေးစားရမှာသူမဟုတ်ပါဘူး အဲ့သူပါ'

ဒါပေမယ့် သူ့ပေါင်ကိုရိုက်လာတာကြောင့်အရယ်ရပ်သွားရခဲ့သည် 

Love Him Till Eternity ( Myanmar Translation )Opowieści tętniące życiem. Odkryj je teraz