ဆိုင်ကယ်boxထဲက ဆေးထုတ်လေးကို ယူလိုက်ရင်း ရှင်းရင်တွေ တဒိတ်ဒိတ်ခုန်လာသည်..နောက်....

ခြေဖဝါးတွေရော လက်တွေရော ယားယံလာသည်မို့ ဘာမှ ထပ်မစဉ်းစားနိုင်ပဲ မီးဖိုချောင်ရှေ့က water coolerဆီသို့ပြေးကာ ဆေးတစ်လုံးဖောက်သောက်လိုက်ရတော့သည်။

♡♡♡♡♡♡♡♡♡♡♡

Mondayမနက်ခင်း

ရှင်းအရမ်းမုန်းသောMondayမနက်ခင်းမှာ ရှင်းမကြိုက်သောResearch paperချိန် နှစ်ချိန်ဆက်

ရှေ့က လန်းဆန်းတတ်ကြွစွာသင်နေသော ဆရာမကို အားနာသော်လည်း အရှေ့ဆုံးမှာ ထိုင်ရင်း စုလင်းကို ကွယ်ရင်း ခိုးငိုက်နေသည်။

"Research paperအတွက်Referenceရေးမယ်ဆိုရင် နာမည်တွေကို A to Zစီရတယ် last nameကိုရှေ့တင်ရေးရမယ် ပြီးရင် နာမည်တွေရဲ့နောက်မှာထုတ်ဝေတဲ့နှစ်ကို ရေးရမယ်....."
စာလုံးတွေက ဝေးဝါးလာသည်။ဆရာမရဲ့ အသံကလည်း တဖြည်းဖြည်းတိုးလာသည်။

10ခွဲ မှ12ခွဲ နှစ်ချိန်ဆက်မို့တော်သေးသည်။ 1ခွဲ 3ခွဲဆို အိပ်ပါပျော်လောက်သည်။

"ရှင်းသိလား 1ခွဲ အချိန်ဆရာမဝင်ဘူးတဲ့ ဆရာတွေ စာဖတ်ပွဲရှိတယ်တဲ့"

စုလင်းနားနားကပ်ပြီးပြောလိုက်တဲ့ စကားကြောင့်

ရှင်းငိုက်နေတဲ့ မျက်လုံးလေးအနည်းငယ် ပြန်ပွင့်လာသည်။

"တကယ်?"

"အေးး နင်က မနက်ကကျောင်းလာတာနောက်ကျနေတာကိုး အဲ့တာ ကျော့တို့က ဒီအချိန်ပြီးရင် ထမင်းမြန်မြန်စားပြီး အမြန်လမ်းဘက်ကစည်းခုံကြီးဘုရားကိုသွားမို့တဲ့"

"ငါတို့မှာ ဆိုင်ကယ်မှ မလောက်တာ"

"နက်ရှိုင်းတို့နဲ့လေ"

မြတ်စွာဘုရား ရှင်းရင်တွေခုန်လာပြီး အိပ်ချင်စိတ်ပါပျောက်သွားသည်။ စာသင်နေသည်မို့ စကားအများကြီးပြောလို့က မဖြစ်..

(သူတို့နဲ့ ဘယ်လိုများအဆက်စပ်ရသွားပါလိမ့်?)

Goodbye Teachel...

Goodbye class..

Thank you Teachel.....

အရှေ့ဆုံးအတန်းဆီ ပန်းရီရောက်လာပြီး

မမWhere stories live. Discover now