one more night(25)

1.7K 142 22
                                    

အမဲ​ရောင်​တိမ်​စိုင်​လွှာတို့ ဖုံးလွှမ်း​နေ​သော ​ကောင်​ကင်​ပြင်​ကြီးက...​မြေပြင်​​ပေါ်ကို ပြိုကျ​တော့မည့်​ဟန်​...

တစ်​ချက်​တစ်​ချက်​ ​တိမ်​မည်း​တွေကြားထဲက​နေ ပြိုးပြိုးပျက်​ပျက်​ ထွက်​လာတဲ့ လျှပ်​​ရောင်​​တွေက ပတ်​ဝန်းကျင်​ကို ရံဖန်​ရံခါ အလင်း​ပေး​နေသလိုပင်​...

ဆောင်းတွင်းကြီးမှာ ရုတ်​တရက်​ ရွာချလာတဲ့ မိုးစက်​​​တွေက
ပတ်​ဝန်းကျင်​ကို အကျည်းတန်​ ​စေခဲ့ပြန်​သည်​။

ထို့အတူပဲ ပြတင်း​ပေါက်​ က​နေ ​ကောင်​ကင်​ကြီးရှိရာကို..ခပ်​​တွေ​တွေ​လေး စိုက်​ကြည့်​​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်​ ရဲ့
ရင်​ထဲမှာလည်း....​နောင်​တမိုးတို့က သည်းစွာရွာ​​နေ​တော့
တယ်​။

Yukinoတစ်​​ယောက်​ လက်​ထဲမှာ ရှိ​နေတဲ့ ဖုန်းကို ခပ်​တင်းတင်းသာ ဆုပ်​ကိုင်​ထားမိတယ်​..

ဒီ​နေ့က သူ black palace စံအိမ်​ကို ​ရောက်​တာ ၃လ ​မြောက်​​သော​နေ့...

ဘာလိုလိုနဲ့ အချိန်​​တွေက ကုန်​တာအရမ်းမြန်​လွန်းတယ်​လို့
သူ​တွေးလိုက်​မိတယ်​....

Baekhyunရဲ့ စကားအတိုင်း yeolဆိုတဲ့ ​ကောင်​​လေးကို သတ်​ဖို့ကြိုးစားခဲ့​ပေမယ့်​....သူ့ရဲ့ နှလုံးသားက
ခွင့်​မပြုခဲ့....

ကောင်​​လေးရဲ့ ဖြူစင်​​သော အပြုံး​လေး​တွေက သူ့ကို ​နှောင်​ကြိုးတစ်​ခုလို ရစ်​ပတ်​စွာ ချည်​​နှောင်​ထားပြန်​​တော့.. .

မိုက်​မဲလွန်းတဲ့သူ့ရဲ့ နှလုံးသား​လေးက..​ခေါင်းမာစွာနဲ့ပဲ
တင်းခံထားပြန်​​တော့....

နောက်​ဆုံး​တော့ သူလုပ်​ရမယ့်​အရာက တစ်​ခုတည်းရယ်​ပါ..

Contactမှာ ​ပေါ်​နေတဲ့ ကျင့်​သားရ​နေ​သော ဖုန်းနံပါတ်​တစ်​ခုကို နှိပ်​လိုက်​​တော့...မနှီးမ​နှောင်းမှာ ပဲ ဝင်​သွားတဲ့ အသံလှိုင်းတစ်​ခု

တုန်​ယင်​​နေ တဲ့ လက်​ကို အသာထိန်းလိုက်​ပြီး yukino တစ်​ဖက်​က ဖုန်းကို​ဖြေဖို့ ပြင်​လိုက်​မိ၏..

ONE More Night (chanbaek) Complete Zaegyi&unicodeWhere stories live. Discover now