Part (3)

4.3K 278 3
                                    

နားထဲမှာကြား​နေ ရတဲ့ စကား​ပြောသံတစ်​ချို့
ကျ​နော်​ ​သေ သွားတာလား အဟက်​!! မဖြစ်
နိုင်​တာ သူအဲ​လောက်​ညှာတာစိတ်​သာထားခဲ့ရင်​ omma ဆုံးမှာ မဟုတ်​ဘူး.
အသက်​၃၅ နှစ်​ဆိုတာ အရမ်းကို ငယ်​​သေးတယ်​ ..သူမ အသက်​ရှည်​ရှည်​နဲ့ အကြာကြီး​နေရမှာကို ......အခု​တော့

ကျ​နော်​ အခုဘယ်​​ရောက်​​နေတာလဲ .ဒါနဲ့ 
ညာဖက်​လက်​ဖျံရိုး ထဲကို တစ်​ခုခု ထည့်​ထားသလိုပဲ ​အောင့်​သက်​သက်​နဲ့ ခံစားချက်

မျက်​လုံး ​တွေကို အားယူပြီး ဖွင့်​ဖို့ကြိုးစား​ပေမယ့်​ အရာမထင်​ ..အရမ်းကိုပင်​ပန်းလွန်းတယ်​....ဟူး ...​သေချာတာက​တော့ အခုလို နာကျင်​မှု့ ကို ခံစား​နေရတယ်​ဆို​တော့ အသက်
ရှင်​​နေ​သေးတယ်​ဆိုတဲ့ သ​ဘော ..​သေဖို့က
ဘာလို့အဲ​လောက်​ခက်​ခဲ​နေရတာလဲ...

ရုတ်​တရက်​ မျက်​လုံးကို ဖွင့်​ကာထိုးကြည့်​လာ​သော မီး​ရောင်​ ​ကြောင့်​ ကျ​နော့်​ မျက်​နှာကို တစ်​ခြားဘက်​ဆီ လှည့်​လိုက်​သည်​...

"လူနာ သတိရ​နေပြီလား.. ဆရာ​ပြောတာကို ကြားရင်​ ​ခေါင်းညိတ်​ပြပါ...."

ထိုလူရဲ့ စကား​ကြောင့်​ ကျ​နော်​ ​ခေါင်းကိုညိတ်​ပြလိုက်​သည်​ မဟုတ်​ရင်​ မျက်​လုံးကို ထပ်​ပြီးဆွဲဖွင့်​ကြမလားမသိ....ဒါနဲ့များဆရာဝန်​တဲ့
....အဖြစ်​မရှိတဲ့လူ​တွေ....

ဒါနဲ့အခု ​ဆေးရုံ .. ကျ​နော်​​ရောက်​​နေတာ ​ဆေးရုံ လား????

အသိစိတ်​ရဲ့ နှိုး​ဆော်​မှု့​ကြောင့်​ ကျ​နော်​ ကုတင်​လက်​ကိုင်​ကို အားယူပြီး ထ ထိုင်​လိုက်​သည်

" အ့!! ...နာလိုက်​တာ!
ကြားလိုက်​တဲ့ အသံပိုင်​ရှင်​​ကြောင့်​ အခန်းထဲမှာ ရှိတဲ့ လူ​တွေ အားလုံး လှုပ်​ရှားမှု့ ရပ်​တန့်​သွား​တော့သည်​.. .

အမဲ​ရောင်​ suit အပြည့်​နဲ့ လူ​တွေ သူတို့ကို ကျ​နော်​တစ်​ခါမှ မမြင်​ဖူးဘူး.. ​နောက်​ပြီး .ဘာလို့သူတို့က ကျ​နော့်​အခန်းထဲကို ​ရောက်​​နေကြတာလဲ.....Appa ရဲ့ လူ​တွေလား
မဖြစ်​နိုင်​တာ.. ကျ​နော်​​သေသွားလည်းဂရုစိုက်​မယ့်​သူမျိုးမှ မဟုတ်​တာ.. ..အဟက်​ ​သောက်​သုံးမကျတဲ့ အ​တွေး​တွေကို ​တွေ​နေတဲ့ အ​ကောင်​ပဲ မင်းက.....​နောက်​ဆုံး​တော့ အသုံးမကျတဲ့ ကိုယ့်​ကို ကိုယ်​ပဲ ​လှောင်​ရယ်​ လိုက်​မိတယ်​ ဘာ​တွေကိုများ​နောက်​ထပ်​​မျှော်​လင့်​​နေတာလဲ kim baek hyun .....
Arnyi မှားလို့ ကျ​နော်​က kimမှ မဟုတ်​​တော့
တာ အခုကစပြီး byun baek hyun ပဲ ကျ​နော့်
နာမည်​က....

ONE More Night (chanbaek) Complete Zaegyi&unicodeWhere stories live. Discover now