အခန်း(၆၆) ချီရှိုးကျဲ့ဘဝ

Start from the beginning
                                    

သူ့ရဲ့ဆန်းကျယ်​တဲ့ချစ်​သူကိုရှာဖို့က​တော့ သူများမျက်​စိ​အောက်​​နေ​နေရသ၍ဖြစ်​နိုင်​အုန်းမှာမဟုတ်​ဘူး။ ဒါ​ပေမယ့်​ သူ့သားသာတိုင်းပြည်​ဥ​သျှောင်​ဖြစ်​လာတဲ့အခါ လူတစ်​​ယောက်​ကိုရှာဖို့ကဘာများခက်​မှာလဲ။ ဒါ​ကြောင့်​မို့ကျိုးယွင်​ရှန့်​ဆန္ဒကိုအချိန်​မကျ​သေးသ၍မြုံထားဖို့ဆုံးဖြတ်​လိုက်​သည်​။

တစ်​​နေ့သူ​ညောင်​​စောင်းမှာထိုင်​ရင်းစာဖတ်​​နေတဲ့အချိန်​ အ​စေခံတစ်​ဦးကခပ်​သွက်​သွက်​တိုးကပ်​လာပြီး သူ့အားတီးတိုး​ပြောသည်​။ ''သခင်​ ဆဋ္ဌမမင်းသား​လေးရဲ့အထိန်း​တော်​ကြီးကသခင့်​ကိုအ​ဆောတလျင်​​တွေ့ချင်​​နေပါတယ်​။ မင်းသား​လေးမ​ကောင်းတာတစ်​ခုခုလုပ်​ထားတယ်​လို့ဆိုပါတယ်​''

"ဘာမ​ကောင်းတာလုပ်​ထားတာလဲ'' ကျိုးယွင်​ရှန့်​ စာအုပ်​ကိုချပြီးဖိနပ်​စီးကာ အထိန်း​တော်​အမျိုးသမီးကို​ကျော်​ပြီး မင်းသား​ခြောက်​အခန်းရှိရာဦးတည်​သွားလိုက်​သည်​။

"​ကွေ ​ကွေ့ကျွင်း ၊ မင်းသား​ခြောက်​​လေ သူ..သူရူး​နေပြီထင်​တယ်​!မြန်​မြန်​သွားကြည့်​ပါအုန်း!"

ရူးတယ်​? လူ​ကောင်းက​နေဘယ်​လိုလုပ်​ရုတ်​တရက်​ရူးရမှာလဲ။ ဒါ​ပေမယ့်​ ​ကောင်းမင်​ဟာချီရှိုးကျဲ့ကိုအဆိပ်​ခပ်​ခဲ့သလို မင်းသား​ခြောက်​ရဲ့အ​စေခံ​တွေထဲမှာလည်း သူလျှိုထည့်​ထားတာပြန်​သတိရလိုက်​သည်​။ ထိုအပြုအမူများက ဂုဏ်​အသ​ရေရှိစစ်​သူကြီး​ကောင်းနှင့်​ပင်​မတူ မလိုတမာစိတ်​များ​သောကိုယ်​လုပ်​​တော်​ခပ်​ညံ့ညံ့တစ်​​ယောက်​၏စရိုက်​ဆန်​လှသည်​။ ကျိုးယွင်​ရှန့်​ သတိလက်​လွှတ်​​နေမိတာပဲ သူလျှို​တွေကိုအ​စောကတည်းကရှင်းပစ်​သင့်​တာ။

ဒါကို​တွေးရင်း လီရွှီသုန်းအ​ဆောင်​နား​ရောက်​လာ​တော့ အ​စေခံ​တွေကခပ်​သွက်​သွက်​သူ့ထက်​အရင်​​လျှောက်​ပြီး တံခါးရွက်​ကို​ဘေးသို့တွန်း​ပေးလိုက်​သည်​။ ထို့အတူ​သွေးညှီနံ့တို့က​လေထဲပြန့်​လွင့်​လာ၏။ ကျိုးယွင်​ရှန့်​ ​ခြေချလိုက်​တယ်​ဆိုရုံတင်​ပဲ ဆူးကြာပွတ်​ကိုကိုင်​ထားသည့်​လီရွှီသုန်းနှင့်​ဒူး​ထောက်​​နေသည့်​အ​စေခံသုံး​ယောက်​ကို အံ့အားသင့်​စွာမြင်​လိုက်​ရသည်​။ အရိုက်​ခံထားရသည့်​အ​စေခံများမှာ အညိုအမည်းနဲ့​သွေးများစွန်း​နေပြီး အသက်​ပင်​လုရှူ​နေရသည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now