Just Stay Beside Me ..

Magsimula sa umpisa
                                    

ဆယ်​ ဟွန်း မနိုးခင်​ပြန်​ဖို့အစီအစဉ်​သည်
ဖင်​မကြွနိုင်​​သော စိတ်​မချစိတ်​နှင့်​ပင်​ တစ်​နာရီမက
ကြာ​ချေပြီ ။

" ပြန်​​တော့ကွာ .. အိပ်​​နေတဲ့သူနားထိုင်​ပြီး
ပွစိပွစိလုပ်​မ​နေနဲ့ ။ နားညည်းတယ်​ "

" အိပ်​ချင်​​ယောင်​​ဆောင်​ပြန်​တာလား ဆယ်​ ဟွန်း "

" မင်းကသာ ငါ့ကိုနိုး​အောင်​လုပ်​တာ "

" ​ဆောရီး .. ပြန်​အိပ်​ ။ ငါပြန်​​တော့မယ်​ "

နှင်​သူက ပြန်​​စေချင်​​နေပြီမို့ ဂျုံ အင်​ ဆက်​အချိန်​မဖြုန်း
တော့ဘဲ ထိုင်​​နေရာမှ ထရပ်​လိုက်​သည်​ ။

မျက်​လုံး​လေး​တောင်​ဖွင့်​ကြည့်​မလာသည့်​ အိုဆယ်​ဟွန်း
ကို နာကျည်းရင်း ချစ်​သမျှ​တွေအား အပြစ်​ဖို့ချင်​လာ၏

" ကို ​လေး .. ငါ့ကို​စောင့်​​ပေးလို့ ​ကျေးဇူးတင်
ပါတယ်​ "

ကျောခိုင်းပြီးလို့​ခြေလှမ်းပြီးမှ စိတ်​မပြတ်​နိုင်​​အောင်
စကားစလာသည့်​ ဆယ်​ဟွန်း​ကြောင့်​ ဂျုံ အင့်​​ခြေအစုံ
သည်​ဆက်​​ရွှေ့ရန်​ တွန်းအားမရှိ​တော့​ချေ ။

" ငါ့ကို ဘာဖြစ်​​စေချင်​​နေတာလဲ ။
မချစ်​နိုင်​ရင်​လည်း ပြတ်​ပြတ်​သားသား ငြင်းစမ်းပါကွာ "

" ​တောင်းပန်​ပါတယ်​ ကို​လေး ။ ငါ တစ်​ကိုယ်​​ကောင်းဆန်
ချင်​တယ်​ ။ မင်းကိုမချစ်​နိုင်​​သေးသလို လက်​လွှတ်​ဖို့လည်း
မဖြစ်​နိုင်​ဘူး "

" မုန်းလိုက်​တာ အို ဆယ်​ ဟွန်း ရာ "

" ဆက်​မုန်းပြီး ပိုချစ်​​ပေးပါ ကို​လေး "

" ..... "

" ဒီတစ်​နှစ်​အတွင်း ဒုတိယအကြိမ်​အိပ်​​ရေးဝဝ
အိပ်​ရခြင်း​ဘဲ ။ မင်းအနား​ရောက်​ဖို့ ​ဖြေရှင်းစရာ​တွေက
များ​တာနဲ့ဘဲ ငါ လည်း ပင်​ပန်းတယ်​ ကို ​လေး ..
လူ​တွေက အတ္တကြီးတယ်​ဆိုရင်​ ငါကသူတစ်​ပါးကိုပါ
မျက်​ရည်​ကျခိုင်းတဲ့မ​ကောင်းတဲ့သူဘဲ ။ မင်းကို​စောင့်​ခိုင်း
ပြီးနာကျင်​​စေတဲ့ငါ့ကို မမုန်းဘဲမမ​နေနဲ့ ။ စိတ်​ကြိုက်
မုန်းပစ်​လိုက်​ .. ။ ဒါ​ပေမဲ့ လူမဆန်​စွာနဲ့ဘဲ ပိုချစ်​​ပေးပါလို့
တောင်းဆိုပါရ​စေ ။ "

ငါမင်းကို မချစ်​နိုင်​ဘူးဟု ငြင်းလျှင်​​တောင်​ ဤမျှ​လောက်
ရင်​ကွဲပက်​လက်​ဖြစ်​လိမ့်​မည်​မဟုတ်​ ။

အခု​တော့ ​လေး​လေးဖင့်​ဖင့်​ စကားအပြတ်​ပြတ်​များကြား
စုံးစုံးမြှပ်​ အချစ်​စုံလုံးကန်းရ​တော့သည်​ ။

" မာနကြီးလွန်းတဲ့ မင်းကိုချစ်​​နေရတာက
ငါ့ဝဋ်​ဘဲ ။ မင်းရဲ့ပြသာနာ​တွေကို​ကူခွင့်​မ​ပေးတာက
ငါ့ကိုပိုရင်​နာ​စေတယ်​ ဆိုတာ မင်းသိရဲ့လား ??!! "

မျက်​နှာချင်းမဆိုင်​ချင်​သဖြင့်​ ​ကျောခိုင်းလျက်​သား
စိတ်​​မော​မောနှင့်​​အော်​ဟစ်​မိ​တော့ ခါး​ပေါ်က
လက်​အစုံနှင့်​ပခုံးတစ်​ဖက်​​ပေါ်က ဆံသားအချို့ ။

အို ဆယ်​ ဟွန်း ၏ ပထမဆုံး ဂျံ အင့်​ အ​ပေါ်
မှီခိုခြင်း ရင်​ဖွင့်​ခြင်း ။

ပိုချစ်​ရသူ ...
ပိုချစ်​ရသူ ဘဝက သနားစရာ​ကောင်းလိုက်​တာ ။

" ငါက မင်းထက်​ နှစ်​ဆ ပိုလွမ်းခဲ့တာကို​ရော
မင်းသိမှာလား ကို​လေး ရာ .. "

လည်​ပင်းသား​ပေါ် စိုစွတ်​ခြင်း အထိအ​တွေ့ခံစားရချိန်
အတင်းထိန်းထားသည့်​ကြားထဲမှ မချိတင်​ကဲထွက်​လာ
သော ရှိုက်​သံသဲ့သဲ့ .. ။

အို ဆယ်​ ဟွန်း ရာ .. ငါ့ကို သာ သတ်​သွားပါ​တော့ ။

" ပွင့်​ပွင့်​လင်းလင်း​​ထုတ်​​ပြောဖို့ ခက်​ခဲ​နေရင်
နောက်​ထပ်​ မငိုမိ​စေနဲ့ အို ဆယ်​ ဟွန်း .. ။
နောက်​တစ်​ခါ မင်းမျက်​ရည်​ကျရင်​ မင်းရဲ့ပြသာနာထုတ်
အကုန်​လုံးကို ငါအပြတ်​ရှင်းပစ်​မှာ .. ။ လူသတ်​ချင်​​အောင်
မလုပ်​စမ်းနဲ့ကွာ .. ။ "

ရဲရဲမချစ်​နို်​​င်​​သေး​တော့
ငါဟာ မင်းကို မချစ်နိုင်​ဘူး လို့ မျက်​နှာလွှဲရတာ
နည်းနည်း ငိုချင်​စရာ​ကောင်းတယ်​ .. ကို​ ​လေး ။



.
.
.

အမ​လေး ဘာ​ကြောင့်​ကိုယ်​ကရင်​နာ​ရတာလဲ
ဘာမှလည်းဒရမ်​မာမပါ,ပါဘဲနဲ့ 💔
ကိုယ်​​ပြောရင်​ယူတို့ယုံမယ်​မထင်​ဘူး အပ်​ဒိတ်​ချင်​လွန်းလို့
တစ်​နာရီ​လောက်​နဲ့အမြန်​​ရေးရတာ 😷
သနားရင်​ တစ်​ခုခု​တော့​​ပေးခဲ့ကြပါ​နော်​ 😭

ကို​ ​လေး .. [ Complete ] Tahanan ng mga kuwento. Tumuklas ngayon