" ဂျုံ အင် .. သား တက်တူးထိုးထားတာလား "
" ဟုတ် "
ညစာစားပြီး ဧည့်ခန်းတွင် မိသားစုစုံ စကားဝိုင်း၌ မာမီက
အပျင်းပြေစားရန် အသီးပန်းကန် ချပေးရင်း ဂျုံ အင့်
လည်ပင်းကိုသေချာကြည့်ကာ မေးလာသဖြင့် အနှီး
သကောင့်သားကသာ အေးဆေးဖြစ်နေသော်ငြား
ဆယ် ဟွန်း မှာတော့ ရင်တစ်ထိပ်ထိပ် ။သိသာနေသော ဆယ် ဟွန်း ၏နာမည်ကို မာမီ ရော
ဒယ် ဒီရော မြင်လောက်မှာမို့ အကယ်၍ ဂျုံ အင်သာ
ပေါက်တက်ကရဖြေလာလျှင် မိသားစုအတွင်း
ကတောက်ကဆ ဖြစ်မည်မှာ မလွဲပေ ။ထိုသို့သော နေရခက်မှုမျိုးကို ဆယ်ဟွန်း လုံးဝ
မလိုချင်ပါ ။" ဆယ် ဟွန်း နီး .. ဒယ်ဒီနဲ့ စကားပြောရအောင် "
" ဟုတ် ကဲ့ .. ဒယ် ဒီ "
စိုးရိမ်နေသော တစ်စုံတစ်ယောက်၏ မျက်ဝန်းရိပ်ကို
မမြင်ချင်ယောင်ပြုကာ ဒယ်ဒီနှင့်အတူ စာကြည့်ခန်းထဲ
ဝင်လိုက်သည် ။" ဂျုံ အင် က သားအပေါ် မရိုးမသားဖြစ်နေတာလား ။
ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် ဆန္ဒလား "အဖေနှင့်သား ပုံမှန်အကြောင်းအရာတစ်ခုကို ဆွေးနွေး
နေသလို ဒယ် ဒီ ၏ လေသံ နှင့် စကားလုံးများက အရင်လို
နွေးထွေးဆဲ ။မွေးစားသားတစ်ယောက် ဆိုပေမဲ့ မိဘမေတ္တာကို
ဂျုံ အင်နှင့်တန်းတူ ပြည့်လျှံ စွာ ရရှိထားတော့ ဆယ် ဟွန်း
ကိုယ်တိုင်လည်း မိဘစကားမြေဝယ်မကျနားထောင်သူ
မဟုတ်သော်ငြား အနည်းဆုံးတော့ မသိတက်တဲ့သား
တော့ မဖြစ်ချင် ။" ကျတော် ဒယ် ဒီ့ စကားအတိုင်း နားထောင်မှာပါ "
" မင်းတို့နှစ်ယောက်စလုံးက ဒယ် ဒီ့ သားတွေပါ "
မင်းတို့နှစ်ယောက်မဖြစ်ရဘူးလို့ တိုက်ရိုက်မဆိုသည်ကိုဘဲ
ဆယ် ဟွန်း တကယ်ကျေးဇူးတင်မိသည် ။