" ဆယ် ဟွန်း .. "
ပခုံးတစ်ဖက်ပေါ် ပိကျလာသည့် ဂျုံ အင့် ဦးခေါင်းကြောင့်
မှီဖို့အဆင်ပြေစေရန် ခန္ဓာကိုယ်ကို အနည်းငယ်ပြင်ပြီး
မျက်နှာတစ်ခြမ်းလှည့်ကာ လည်ပင်းနှင့် ပါးပြင်တစ်ဖက်ကို
ကလူနေသည့် ဆံသားများကြား နှာခေါင်းနှစ်လိုက်သည် ။" ဆယ် ဟွန်း .. "
" အင်း ပြောလေ .. "
" ငါ့ကို ချစ်လား "
" အင်း ချစ်တယ် "
ပြန်လည်တိတ်ဆိတ်သွားသည့်နှစ်ယောက်ကြားတွင်
ထို့ထက်ပိုပြီး စိတ်ပြင်းပြမလာခဲ့ ။အတူမရှိခဲ့ရသည့်အချိန်ကာလတစ်ခု၏ အလွမ်းသည်
အခုလို တစ်ယောက်အနားတစ်ယောက်ရှိရုံနှင့်တင်
ချစ်ကြောင်းတွေ ဋီကာချီ၍ ဖွင့်ဟနေစရာလိုတော့မည်
မထင် ။နောက်နေ့အထိနေရန်စိတ်ကူးမရှိကြပေမဲ့ တစ်ညလုံးနီးပါး
ဂျုံ အင် ကားမောင်းရမည်ကို မကြည့်ရက်သည့် ဆယ် ဟွန်း
ကြောင့်ရော ဆယ် ဟွန်း ၏ မျက်နှာနွမ်းနွမ်းနှင့်
စိတ်ပင်ပန်းနေပုံကို ပြန်ပြီးမကြည့်ရက်ဖြစ်နေသည့်
ဂျုံ အင် ကြောင့်ရော တစ်ဦးအပေါ်တစ်ဦး ငဲ့ညှာကာ
ကမ်းခြေဟိုတယ်တွင်သာ အခန်းငှါးပြီး တညတာကို
အတူကုန်ဆုံးဖြစ်ကြသည် ။ရေမိုးချိုး ညလယ်စာစားပြီးသည်အထိ
စကားမပြောဖြစ်ကြဘဲ ကုတင်တစ်ခု၌ နှစ်ယောက်တြဲ
အိပ်ရတော့မည်ဆိုကာမွ တစ်ယောက်ပခုံးတစ်ယောက်မွီ
ကာ တစ်နှစ်တာအလွမ်းမ်ားအား စုပြုံ ပြီး အတိုးခ်
ခံစားကြ၏ ။" ကို လေး .. "
" ချစ်တယ် ဆယ် ဟွန်း ..
ငါ့ဘဝမွာ မင်း က ငါချစ်တဲ့ တစ်ဦးတည်းသော
ယောကျာ်းဘဲ "ပခုံးပေါ်မှီထားရာမှ ထသွားပြီး ဆယ် ဟွန်း ခြေရင်းတွင်
ထိုင်ကာ ချစ်မဝသလို အချစ်တွေမကုန်ဆုံးတော့သလို
ဂျုံ အင့် မျက်ဝန်းအကြည့်မ်ားကြောင့် ဆယ် ဟွန်း မွာ
ကြည်နူးစိတ်များနှင့် မျက်ရည်ပင်ဝဲတက်လာသည် ။ဆယ် ဟွန်း ကို ဂျုံ အင် အတော်လေးချစ်မှန်းသိပေမဲ့
ဤမွ်လောက်ထိသည်းသည်းလှုပ် အကဲပိုမယ်မှန်း
မထင်ခဲ့ ။