Are They Happy Ending ??

Start from the beginning
                                    

သဲငယ်​ဘက်​က ကျ​တော့်​အ​ပေါ် နှစ်​ချီပြီး
ချစ်​ခဲ့ပြီး ကျ​တော်​သည်​လည်း အနှီး​ယောကျာ်းသားအား
ရှိရှိသမျှအချစ်​အကုန်​လုံးကို ပုံအပ်​ပြီး ချစ်​ခြင်းတွင်
မြတ်​နိုးခြင်းအဖုံဖုံ ထပ်​​ပေါင်းပြီး ချစ်​မဝဖြစ်​​နေရသူပါ ။

ဤသည်​ကိုပင်​ ခါးခါးသီးသီးနှင့်​ အတင်းအကျပ်​ကို
ခွဲချင်​​နေသည်​မသိ ။

" ကျ​တော်​တစ်​ခု​လောက်​​မေးချင်​လို့ပါ ။ အန်​ တီ
ဘာလို့ ဒီ​လောက်​​တောင်​ ကန့်​ကွက်​​နေရတာလဲ "

" ဆယ်​ဟွန်းက ငါ့ရဲ့တစ်​ဦးတည်း​သောသား
Single mother အဖြစ်​နဲ့ သူ့ကို ငါ ဘယ်​​လောက်
ပျိုး​ထောင်​ခဲ့ရတယ်​ ထင်​သလဲ ။ အ​ဖေမရှိတဲ့​ကောင်​ဆိုပြီး အနှိမ်​မခံရ​အောင်​ ငါ ဘယ်​​လောက်​ထိ ကြိုးစားခဲ့ရတယ်
ထင်​သလဲ ။ ငါ ဒီလို လုပ်​​ပေးခဲ့တာ ​ယောကျာ်း
တစ်​​ယောက်​နဲ့ ​ကြိုက်​ပြီး အရှက်​ကွဲခံရဖို့မဟုတ်​ဘူး "

မိဘတိုင်း၏ ဆန္ဒနှင့်​ဖြစ်​​စေချင်​မှုများကို ကျ​တော်​နားလည်
ပါသည်​ ။ သူမ၏ သဲငယ်​အ​ပေါ်​မျှော်​လင့်​ထားမှုနှင့်
ဖြစ်​​စေချင်​မှုကိုလည်း ကျ​တော်​ အ​တော်​အသင့်
ခန့်​မှန်းမိပြီးဖြစ်​၏ ။

" ကျ​တော်​က အန်​ တီ ထင်​ထားတာထက်
သဲငယ်​ကို ​ပျော်​​အောင်​ထား​ပေးနို​င်​တယ်​ ။
အခု​ခေတ်​မှာ ​လိင်​တူချင်းလက်​ထက်​တာမဆန်း​တော့ဘူး
အန်​တီ ။

သဲငယ်ကို ​​သားသမီးသိုက်​သိုက်​ဝန်းဝန်းနဲ့
ဖခင်​​ကောင်း ခင်​ပွန်း​ကောင်းဖြစ်​​စေချင်​တဲ့ဆန္ဒကို
ကျ​တော်​ နားလည်​ပါတယ်​ ။ ဒါ​ပေမဲ့ အန်​တီ
သဲ ငယ်​ က အန်​တီ့ သား .. ။

မိဘတိုင်းက
ကိုယ့်​သားသမီးကို ဆင်​စီးမြင်းရံ​စေချင်​တာ မှန်​​ပေမဲ့
ကိုယ့်​သားသမီးရဲ့​ပျော်​ရွှင်​မှုကို မကြည့်​​တော့ဘူးလား ။
လုံးဝ ကျ​တော်​တို့နှစ်​​ယောက်​ကို နားလည်​မ​ပေးနိုင်​ဘူး
လက်​ခံမ​ပေးနိုင်​ဘူးဆိုရင်​ ကျ​တော့်​ဘက်​ကစပြီး
လမ်းခွဲ​ပေးမယ်​ ။

အဲ့အချိန်​ ဘယ်​လိုကိစ္စမျိုးဘဲ
ဖြစ်​လာလာ အန်​တီ​နောင်​တမရဖို့ တာဝန်​ယူနိုင်​လား ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now