ဦးလက်ျာသည် နာကျင်သွားသော သူ့လည်တိုင်ကို သေချာဖိကိုင်လျှက် ရှေ့ကားထဲက ထွက်လာမည့် လူကို စောင့်နေပါသော်လည်း ချက်ချင်းထွက်မလာ၍ စိတ်မရှည်စွာနဲ့ ထိုကား၏မှန်တံခါးကို သွားထုရိုက်လိုက်သည် ။

" ခွေးကောင် ........ ထွက်လာစမ်း ။ မင်းအရမ်းသေချင်နေလည်း တခြားနည်းလမ်းရှာပါလား ။ ငါ့ကားရှေ့ကို ဘာကိစ္စဖြတ်ပြေးလာရတာလဲ ? ''

ကားထဲကလူက မည်သည့်တုန့်ပြန်မှုကိုမှ မပေးသည့်အပြင် Steering Wheel ပေါ်လက်တင်လျှက် ငြိမ်နေသည့် လူကြောင့် သူမျက်လုံးနည်းနည်းပြူးသွားသည် ။

နေဦး .............. ဒီကောင်ကို ရင်းနှီးသလိုပဲ .......

မဟုတ်မှလွဲရော

" မုန်း ............... မုန်း ။ မုန်း မဟုတ်လား ? ငါ့ကို ဖြေစမ်း ''

ဦးလက်ျာ ကားတံခါးကို ထုရိုက်နေစဉ် သူတို့အနား နောက်ထပ်ကားတစ်စီးရောက်လာလေသည် ။ ကားပေါ်က လူသည် မုန်း ဟူသော နာမည်ကြောင့် အရူးတစ်ယောက်လို ပြေးရင်း ဦးလကျာ်ကို တွန်းဖယ်ကာ ကားတံခါးကို ထုရိုက်မိသည် ။

" ချစ်လေး ............. ချစ်လေး ။ ကိုကိုလာပြီလေ ။ တံခါးဖွင့်ပါဦး ''

ကားအထဲက လူသားကမည်သည့်တုန့်ပြန်ချက်ကိုမှ မပေး၍ အနှိုင်းမဲ့စိုးရိမ်စွာပင် သူ့ကားနားပြေးသွားကာ ကားနောက်ခန်းရှိ ဂေါက်တံတစ်ချောင်းကို ဆွဲထုတ်လာလိုက်သည် ။

ခုချိန်မှာ ကားတံခါးဖွင့်ရဖို့က အရေးကြီးတယ်မလား ။

ဦးလကျာ်ကလည်း ရုတ်တရက်ကြီးဘာလုပ်ရမှန်းမသိ ။ အနားမှာ ရှိနေတဲ့ သူစိမ်းတစ်ယောက်ကတော့ အရေးပေါ်ကို ဖုန်းဆက်ပေးနေသည် ။ အနှိုင်းမဲ့ကတော့ အရူးတစ်ယောက်ကို အော်ဟစ်ငိုကြွေးရင်း ဂေါက်တံနဲ့ ကားမှန်ကို ရိုက်ခွဲနေလေသည် ။ ကားမှန်ကပဲ အရမ်းကို အရည်အသွေးကောင်းလွန်းနေတာလားမသိ တော်တော်နဲ့ ခွဲမရဘဲ အက်ရုံအက်နေသည် ။ အချက်နှစ်ဆယ်ခန့် ဆက်တိုက်ရိုက်ခွဲပြီးနောက် ကားမှန်သည်ကွဲအက်လာပြီး အချပ်လိုက်နီးပါး ကွာကျခါနီးဖြစ်လာသည် ။ ထပ်ပြီးထုရိုက်ဦးမယ်ဆိုရင် ကားမှန်အချပ်လိုက်ကွာကျဖို့ ဖြစ်နိုင်ချေရှိသော်လည်း ဇောကပ်နေသောအနှိုင်းမဲ့သည် သူ့လက်နဲ့ ရသလောက်တိုးဝင်ပြီး အထဲရှိလော့ခ် ကိုဖွင့်ချလိုက်သည် ။ သူ့လက်ကို ပြန်ထုတ်တော့ လက်မောင်းရင်းကနေ သွေးတွေပန်းထွက်လာသော်လည်း နာကျင်ရကောင်းမှန်းမခံစားရသေးဘဲ နဖူးကနေ သွေးတွေစီးကျကာ မေ့မြောနေသည့် လူငယ်လေးကိုသာ စိုးရိမ်တကြီးပွေ့ချီပြီး ကားထဲကဆွဲထုတ်လာလိုက်သည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now