ep -16

16.6K 1.8K 316
                                    

'' ထင်သားပဲ ........... မင်း ဒီအချိန်ထိ ဒီနေရာမှာပဲ ရှိနေမယ်ဆိုတာ ''

ဒီအသံပိုင်ရှင်ဟာ မည်သူမည်ဝါဆိုတာ မုန်းသိလိုက်ပြီမို့ ယဲ့ယဲ့လေး ပြုံးကာ သေချာပြန်ကြည့်နေလိုက်သည် ။

'' ကျုပ်နောက်ကို တစ်ကောက်ကောက် လိုက်နေတော့တာပဲလား ဦးမင်းလက်ျာ ''

'' မင်းက ထွက်ပြေးနေတဲ့သူကိုး ၊ အဲ့တော့ မအားတဲ့ကြားက မင်းကို လိုက်ဖမ်းနေရတာနဲ့ ငါ အလုပ်တစ်ခု ပိုလာတော့တာပဲ ''

သူ့အနားသို့ နီးကပ်လာသော ဦးမင်းလက်ျာသည် ပုံစံအနေအထားကို ကြည့်ရတာ ကုမ္ပဏီမှ တန်းထွက်လာခဲ့ပုံရသည် ။ အကူညီမဲ့နေချိန် အကူညီရောက်လာလို့ ၀မ်းသာသွားပေမယ့် ရောက်လာတဲ့သူက ဦးမင်းလက်ျာမို့ သူနည်းနည်းတော့ ၀န်လေးသွားတာအမှန် ။ သို့သော် ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာမှာ အိပ်ခဲ့တာထက်စာရင် သူနဲ့ လိုက်သွားတာက ပိုအဆင်ပြေမည်ဟု ထင်မိ၍

'' ဖိုး ... သား သူနဲ့ လိုက်ပြန်လိုက်မယ်၊ အစစအရာရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ် ၊ နောက်မှ ဖိုးဆီကို တစ်ခါပြန်လာခဲ့ပါ့မယ် ''

'' အေ အေ ... သားလေး ၊ ည မှောင်နေပြီဆိုတော့ လမ်းခရီး ဂရုစိုက် ''

'' ကျေးဇူးပါ ဖိုး ၊ ဒါဆို သားပြန်လိုက်ဦးမယ် ''

အဖိုးအိုကို နူတ်ဆက်ပြီးနောက် သူတို့ နှစ်ဦးသား ထိုနေရာမှ ပြန်ထွက်လာခဲ့လေသည် ။ ထွက်လာကတည်းကနေ ခုထိ နှစ်ဦးသား ဘာစကားတစ်ခွန်းမှ မဟကြသေး ။

မုန်း သူ့ရဲ့အိပ်ကပ်ထဲ လက်ထည့်ကြည့်တော့ မနက်က ယူလာသည့် မုန့်အချို့ကို တွေ့၍ ဝမ်းသာအားရ ထဖောက်စားလိုက်သည် ။ နှစ်ထုပ် သုံးထုပ်မျှ ပါသော်လည်း ဘေးကလူကြီးကို မျှဝေမကျွေးချင် ။ ကလေးကလားမုန့်ကို ဒီလူကြီးကြိုက်မည်လို့လည်းမထင် ။

ပါးနှစ်ဖက် ဖောင်းကားနေတဲ့အထိ မုန့်ကို တမြုံ့မြုံ့နဲ့ ဝါးစားနေသော မုန်းကို ဦးလက်ျာ သဘောကျသလို ကြည့်ကာ ကားကို ခေတ္တရပ်ထားပြီး ကားနောက်ခန်းမှာ ပါလာတဲ့ မုန့်ထုပ်ကို ဆွဲယူလိုက်သည် ။

" ရွှေလေးအတွက် ဝယ်ထားတာ ၊ မင်းစားချင်ယူစား နောက်မှ သပ်သပ်ပြန်ဝယ်ပေးလိုက်မယ် ''

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now