မုန်း ..................
မင်းဘယ်မှာလဲ ...........................
ကျစ်................. နာမည်နဲ့လိုက်အောင် မုန်းချင်စရာကြီး ၊ ငါ့မှာ တစ်နေ့တစ်နေ့ မင်းစိတ်ကြောင့် အလုပ်လုပ်ရတာ စိတ်မဖြောင့်ချင်တော့ဘူး ။ မပေါ်လာရင်လည်း အစကတည်းက ပေါ်မလာသင့်ဘူး ၊ ဘာလို့ တစ်ချက်လေးဘဲ ပေါ်လာပြီး ချက်ချင်း ကိုယ်ယောင်ဖျောက်သွားရတာလဲ ။
လက်ထဲက စာရွက်စာတမ်းတွေကို စားပွဲပေါ်ပစ်တင်ကာ ထိုင်ခုံပေါ်နောက်မှီထိုင်ရင်း မျက်လုံးကို မှိတ်ထားလိုက်သည် ။
တီ ..........
ဖုန်းသံမြည်လာ၍ သူ ကောက်ကိုင်လိုက်လေသည် ။
''ပြော ........... ''
''ဥက္ကဋ္ဌကြီး ................ ဒုဥက္ကဋ္ဌ ရောက်နေတယ်ရှင့် ''
'' ၀င်ခိုင်းလိုက် ......''
ဖုန်းကိုချပြီး မတ်မတ်ပြန်ထိုင်နေလိုက်သည် ။ ဒီအဖိုးကြီးက လူရှေ့သူရှေ့မှာ ယဉ်ကျေးချင်ဟန်ဆောင်ပြီး ရုံးခန်းထဲ ၀င်ဖို့တောင် ခွင့်တောင်းနေပြန်ပြီ ။ ကျက်သရေအတုံးလိုက်တစ်တယ် ။
ဦးလက်ျာ အထဲသို့ ၀င်လာတာနဲ့ သူ့ဖာသူ ကူရှင်မှာ ၀င်ထိုင်ကာ အနှိုင်းမဲ့ကို နူတ်ဆက်လိုက်သည် ။
'' မင်း မျက်နှာကြီးကို ဆူပုတ်မထားစမ်းပါနဲ့ ၊ ငါမင်းကို စစ်ထိုးဖို့ လာတာမဟုတ်ဘူး ကျေးဇူးတင်ဖို့လာတာ ''
ထိုခါမှ အနှိုင်းမဲ့၏ မျက်မှောင်သည် ပိုကြုတ်သွားပြီး ဦးလက်ျာကို စူးစူးရဲရဲ ကြည့်လိုက်သည် ။
'' ကျုပ်တို့က ကျေးဇူးကြွေး ကျေးဇူးခံတွေ ရှိပြီး ကျေးဇူးတင်စကား ဆိုရမယ့် လူမှ မဟုတ်တာ ''
ု
'' ဒါပေမယ့် ငါအရမ်းကျေးဇူးတင်လို့ ကိုယ်တိုင်လာပြောတာပေါ့ ကွာ ၊ ငါ မင်းကို ကျေးဇူးတင်တယ် အနှိုင်းမဲ့ ၊ မင်း နှင်ချလိုက်တဲ့ ကောင်လေး အခု ငါ့အိမ်ပေါ်ရောက်နေပြီ ၊ နေ့နေ့ညည ငါ့မျက်စိအောက်မှာ ရှိနေပြီမို့ မင်း မဟုတ်ရင် ငါက ဘယ်သူ့ကို ကျေးဇူးသွားတင်ရမှာလဲ ''တုန်လှုပ်သွားသော အနှိုင်းမဲ့သည် ပျက်စီးသွားသော မျက်နှာရိပ်ကို အချိန်မှီ မဖုံးဖိလိုက်နိုင်ခဲ့ ။
YOU ARE READING
အကြင်နာ.... မုန်း ( Completed)
Romanceကိုယ့်ဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုရှိတယ် ၊ ဒါက အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် ဆုတ်ပြီး အဖေ့ကို ရအောင် ကယ်မယ်လို့ ( မဖြစ်နိုင်ပေမယ့် ခဏခဏ မျှော်လင့်တုန်း) သင်တို့မှာကော အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် ဘယ်သူ့ဆီ ပြန်သွားချင်လဲ ? ဘယ်သူ့ကို ရွေးခ...