ep 25

14.3K 1.5K 100
                                    

သူရဲ့ကားနောက်မှာ ကုမ္ပဏီက ကားတစ်စီးကပ်ပါလာတာကို မုန်း သတိထားမိပေမယ့် မသိကျိုးနွံပြုကာ ဦးလက်ျာ၏ အိမ်သို့တန်းတန်းမတ်မတ်ပင် မောင်းနှင်လာလိုက်သည် ။ ခုချိန်မှာ သူ့အဖေရဲ့ အခြေအနေကအရေးကြီးသည် ။ သူ့အဖေဟာ သူ့အပေါ်မိဘ၀တ္တရားမကျေပွန်ခဲ့ပေမယ့် အနည်းဆုံးတော့ သူဟာ မုန်းရဲ့အဖေအရင်းပဲလေ ။ ဒီအချိန်မှာ အဖေအရင်းဖြစ်သူရဲ့ အသက်အန္တာရယ်ကို သိသိကြီးနဲ့ ဥပေက္ခာပြုပြီးနေရအောင်လည်း သူအသည်းမမာနိုင် ။

ဦးလက်ျာအိမ်ကိုရောက်တော့ ဦးလက်ျာက သူ့အဖေအကြောင်းကို စုံစမ်းထားသမျှ ဖွင့်ချပြလေသည် ။

'' ငါ မင်းကို တစ်ခါမေးဖူးတယ်လေ ။မင်း အနှိုင်းမဲ့ဆီကို ဘယ်လိုရောက်လာတာလဲ ဆိုတာ ။ အဲ့တုန်းက မင်းပြောတာက မင်းအဖေက မင်းကိုရောင်းစားခဲ့တာဆို ။ အခုက မင်းအဖေအကြောင်းကို တကူးတကစုံစမ်းရင်း သိလာတာမဟုတ်ပေမယ့် မင်းနဲ့ပက်သက်ပြီး သိချင်တာတစ်ချို့ရှိလို့ စုံစမ်းခိုင်းရာကနေ မင်းအဖေအကြောင်းပါ ပါလာတာ ။ ဒီပုံတွေက မနေ့ကနောက်ဆုံးရလာတဲ့ ပုံတွေပဲ ။ ငါ့အထင် မင်းအဖေက မင်းအရင်နေခဲ့တဲ့ ရပ်ကွက်ထဲမှာပဲထင်တယ် ''

ဦးလက်ျာ သူ့ရှေ့ပစ်ချပေးလိုက်တဲ့ ပုံတွေ့ကိုကြည့်ပြီး မုန်း တကယ်ပင်ဆွံ့အသွားသည် ။ အရင်ကထက်စာရင်အများကြီးပိန်သွားသော အဖေသည် အသက် လေးဆယ်ကျော်လူတစ်ဦးနဲ့မတူဘဲ အသက် ငါးဆယ်ကျော် အဘိုးကြီးတစ်ဦးလို အိုစာနေသည် ။ ဟုတ်တာပေါ့ အဖေ့ဘ၀ခက်ခဲခဲ့မှာပဲ ။ မတူညီတဲ့ အနာဂတ်မှာ အဖေက ငွေသိန်းထောင်ချီရခဲ့ပြီး ဘ၀ကို လူပေါ်ကျော့လို ဖြတ်သန်းခဲ့ပေမယ့် ဒီတစ်ခါတော့ သူက သိန်းတစ်ရာပဲ ချန်ပေးခဲ့တာမလား ။ ဒါကြောင့် ဘ၀ကို ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးမဖြတ်သန်းလိုတဲ့အဖေက လောင်းကစားလုပ်ပြီး ပျော်ပါးရာမှ ခုတော့ အကြွေးရှင်တွေရဲ့ အသက်အန္တာရယ်ခြိမ်းခြောက်မှုကို ခံနေရသည် ။

'' သူ့ကို ရှာပေးပါ ''

ဒီတစ်ခါတော့ သူဦးလက်ျာကို အားကိုးတကြီးတောင်းဆိုမိသွားသည် ။ အနာဂတ်မှာ သေဆုံးခဲ့ရတဲ့ သခင်လေးကိုကယ်ဖို့ လက်ရှိမှာ အဖေ့ကိုတော့ မဆုံးရူံးချင်တာ အမှန်ပဲ ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now