behind the scenery

1.6K 79 9
                                        

before you read the story,
i want you to know that ;

1. i am not a good writer &
i am not good at choosing words

2. i am trying to improve my writing style and skills, so be patient with me

3.read properly because if you don't,
you will miss the vital facts

4. don't expect many romatic moments
in every chapters

5. it's my very first fantasy story and complicated plot ever *for me*
( i think i can say it's fantasy idk )

so Please *Puppy eyes*
Please be patient with my errors T_T

6. Although I decided not to write this at first, now i wanna give it a try even i don't get many votes&comments.I will try to update weekly but I DON'T PROMISE U Ok ?

...






အများစုသော လူဟူသည့် သတ္တဝါတို့မည်သည်
ကိုယ်နဲ့မရင်းနှီးသည့်အရာဝတ္ထုများ၊ ဖြစ်တည်မှုများအား
ကြောက်ရွှံ့ကြ၏။လက်ခံရန်မသင့်သလို တွန်းထုတ်
ငြင်းပယ်တတ်ကြသည်။'သဘာဝ'ဟူသည့်အရာဖြင့်
ကိုင်ပေါက်၍ မည်သူထွင်မှန်းမသိသော
ဘိုးဘေးစဉ်ဆက်က စာအုပ်ကြီးအတိုင်းလိုက်နာကြ
သည်။တရားမျှတမှုဟုအော်ဟစ်ကာ သိုးယောင်ဆောင်၊
ဒေါင်းယောင်ဆောင်ရင်း 'ဘဝ'ဟူသည့် ဇာတ်စင်၌
ဇာတ်လမ်းအမျိုးမျိုးဖြင့် ကပြတင်ဆက်ကြသည်။

အချင်းချင်း ပြစ်တင်ဝေဖန်ဖို့ကို ချီးကျူးထောပနာပြုဖို့ထက်
ပိုသဘောခွေ့ကြသည်။ အားနည်းချက်ကို နာနာထောက်
ပြီး ဖိချနင်းခြေသလို သာလွန်သောသူများအားလည်း
မြှောက်ပင့်ပေါင်းဖော်ကာ ကွယ်ရာတွင် ကပြောင်းကပြန်
စုဝေးပြောဆိုကြသည်။သို့သော်ငြား သူတို့သည် အစဉ်ထာဝရသာ ပျော်ရွှင်ခြင်းဖြင့်အဆုံးသတ်သော
ဇာတ်လမ်းများကိုမျှော်လင့် အလိုရှိကြပြန်၏။

အထက်ပါ အနည်းငယ်သော လက္ခဏာများမှာ လူသားတို့'သဘာဝ' ဖြစ်၍ သူတို့မှန်းဆသည့် ရိုးရှင်းပျော်ရွှင်ဖွယ်ဇာတ်သိမ်းနိဂုံးတို့ အမြဲမရှိနိုင်ခြင်းမှာ'ဘဝ'မည်သော
ကြောက်ရွံ့ဖွယ်အမှန်တရားပင်။

ထို့အတူ ပုံသေသတ်မှတ်ထားသော အကြောင်းအရာများ
ရှိသလို ဝေခွဲ၍မရ၊ အကောင်အထည်ဖော်ပြမရသော
ုဖြစ်ရပ်တို့လည်း ရှိသည်ပေ။တစ်ချို့ က
လက်တွေ့ပြနိုင်ပါမှ ယုံကြည်တတ်သူတို့ရှိသည်။
တစ်ချို့ ကလည်း ပူစရာမလိုသော
မမြင်အပ်၊ မြင်အပ်လောကသားများကို
တွေးကြောက်သူများရှိသည်။ အပြစ်ပြော၍ကားမရ။
ကိုယ့်ယုံကြည်ချက်ဖြင့်ကိုယ် အသက်ရှင်ကြသည်မလား။

Behind the Scenery Where stories live. Discover now