Sam - 25

13.4K 1.3K 89
                                    

[ Zawgyi ]

Chanyeol လမ်းလျှောက်နေရင်း သူ့ဘေးမှ လှုပ်လှုပ် လှုပ်လှုပ်နှင့်လမ်းလျှောက်နေပါသော Baekhyunကို ခေါင်းစောင်းကာ ခိုးခိုးကြည့်နေမိသည်။

ခြေထောက်အားစိုးရိမ်သောကြောင့်
ကားဖြင့်သွားမည်ဆိုသောငြား အတင်းကာရောငြင်းဆန်နေသော Samပေါက်စအား သူပြိုင်မပြောနိုင်ပါလေ။

"Sam.... တကယ်ပဲ အဆင်ပြေလို့လား?"

"100%ပဲ"

ချက်ချင်းပင် ပြန်ဖြေလာသောအဖြေကြောင့် Chanyeol သက်ပြင်းချမိတော့သည်။

"ငါ တကယ်အဆင်ပြေတယ်
ဘာမှမဖြစ်တော့ပါဘူးဆိုနေ!"

သက်ပြင်းချသံကိုကြားသွားသည်နှင့် လူကိုစိတ်မပူအောင် ပြောလာသည်။

"အွန်းပါ...."

Chanyeol ဘေးမှ ခပ်ခွာခွာဖြင့်သာ လမ်းလျှောက်နေသည်။

မနေ့က ရုံးမှနေ၍ကိုယ့်အိမ်ကိုယ်မပြန်ဘဲ Baekhyunအိမ်တွင်သာ သွားအိပ်ခဲ့သည်။

အိပ်သည်ဆိုသော်လည်း အထင်မလွဲစေချင်။
ထုံးစံအတိုင်း ဆိုဖာပေါ်တွင်သာ အိပ်ခဲ့တာဖြစ်သည်။😑

ညစာကိုလည်း အပြင်မှ သူ့အကြိုက်များရွေး၍ဝယ်သွားပေးခဲ့ပါသောလည်း ကျေးဇူးတင်စကားတောင်အပြောမခံရသည်အပြင်....
ဆိုဖာပေါ်တွင်သာ အကြည်နာတရားမရှိအိပ်စက်ခိုင်းသော သူ့ကို Chanyeolသိပ်တော့မကျေနပ်။

စောင့်ထိန်းရမည့် ဝတ္တရားတို့အား နားလည်ပင်မဲ့
နည်းနည်းပါးပါးတော့ အားနာပါးနာဖြင့် အိပ်ခန်းထဲဝင်အိပ်ဖို့ စကားလမ်းခင်းပေးသင့်သည်မဟုတ်လား?

Samဘက်မှ ထိုကဲ့သို့လမ်းခင်းလာပေးလျှင်တောင် Chanyeolဘက်ကငြင်းမိမှာ အမှန်ပင်မဲ့ အနည်းဆုံးတော့ စကားလမ်းခင်းသင့်သည်ဟုထင်မိသည်။

အဓိကမကျေနပ်တာက Sam သူ့အပေါ်ဖော်ဖော်ရွေရွေမရှိခြင်းပင်။

အခုအခြေအနေသည် ကိုယ့်ချစ်သူတစ်ယောက်လုံးဘေးမှာရှိနေရက်နှင့် မထိရက် မကိုင်ရက် ကြင်ကြင်နာနာမပြုမူရက်ဖြစ်နေရသည်။

"Sam... "

"hum..."

ချက်ချင်းပင် Baekhyunထူးလာသည်။

Sam Where stories live. Discover now