Sam - 11

11.3K 1.2K 37
                                    

[ Zawgyi ]

examကြီးသည်​ ဘာလိုလိုနှင့်​ ​နောက်​ဆုံးရက်​သို့​ရောက်​လာခဲ့​လေသည်​။

Samရဲ့ ဂရုစိုက်​မှု​တွေကို တ​ပွေ့တပိုက်​ကြီး​ရ​နေသည့်​အတွက်​​တော့ Chanyeolမှာ တကယ်​ပင်​ ပင်​ပန်း​နေသည့်​ကြားမှ ​ကျေနပ်​​နေမိသည်​။

"Chanyeol.... ​နောက်​ဆုံးဘာသာဆိုပြီး ပြီးစလွယ်​မ​ဖြေခဲ့နဲ့​နော်​... ​သေချာ​ဖြေခဲ့! ဟုတ်​ပြီလား?"

ကျောင်းခန်းထဲဝင်​ခါနီး ​သေချာလာမှာ​သောသူ့​ကြောင့်​ ကြည်​နူးမှုက အတိုင်းမသိပင်​......။

"nae... Samသာ Sam​ပေးထားတဲ့ကတိမ​မေ့ပါနဲ့...."

က​လေးတစ်​​ယောက်​ပူဆာသလိုမျိုး Chanyeol​ပြောမိ​တော့ သူကခပ်​သာသာပြုံးပြလာသည်​။

"အွန်း... ကိုယ်​မ​မေ့ပါဘူး..."

                ~~~Sam~~~

စာ​မေးပွဲခန်းထဲကထွက်​ထွက်​ခြင်းဖုန်းဆက်​ကာ အခုချက်​ချင်း အိမ်​ကိုပြန်​လာခဲ့ပါဆို​​သော Appaရဲ့စကား​ကြောင့်​....
Samကိုဦးစွာသွား​တွေ့မည့်​ အစီအစဉ်​အားဖြတ်​လိုက်​ရသည်​။

သူ့မျက်​နှာ​လေးမြင်​ချင်​ပင်​မဲ့.....
နောက်​မှ ​အေး​ဆေး​တွေ့လည်း ရတာ​ကြောင့်​....။

"Appa.... အ​လောတကြီး​ခေါ်တာ ဘာဖြစ်​လို့လဲ?"

ထိုင်​​နေ​သော Appaဧ။်​ ​ဘေးတွင်​လည်း Luggage​လေးလုံးတည်​ရှိ​နေ​သေးသည်​။

"Appaတို့ အခု USကိုသွားရမယ်​ Chanyeollie..."

ဖုန်းအားတချက်​ကြည့်​ရင်း​ပြောလာ​သော Appaသည်​ စ​နောက်​​နေသည့်​ဟန်​​တော့မရှိ။

"ဘာလို့... ဘာလို့လဲ? ကျွန်တော်ကပါ လိုက်​ရမှာလား? ဘာလို့?"

ဆောက်​တည်​ရာမရတဲ့လူတစ်​​ယောက်​လို Chanyeolဖြစ်​​လာရသည်​။

ကျွန်တော်​ Samကို​တွေ့ချင်​​သေးသည်​။
Samနှင့်​ ခင်​မင်​မှု​တွေတိုးတက်​​အောင်​ လုပ်​ချင်​​သေးသည်​။

"Appaတို့အပြီး​ပြောင်းရမှာ သား....
ဒီက Appaရဲ့ကုမ္ပဏီကို USကို​ပြောင်း​ရွေ့လိုက်​တာ လွန်​ခဲ့တဲ့ အပတ်​ကတည်းက....
သား စာ​မေးပွဲ​ကြောင့်​ Appaမ​ပြောခဲ့တာ....."

Sam Where stories live. Discover now