Sam - 12

11.5K 1.2K 57
                                    

[ Zawgyi ]

Chanyeol စာ​မေးပွဲခန်းထဲဝင်​သွားတာကို Baekhyunကြည့်​ရင်း ပြုံး​နေမိသည်​။

'ကြိုးစားထား Chanyeol....
မင်းကိုယ်​မင်းအတွက်​... ဒါမှမဟုတ်​... ငါ့ကိုချစ်​တဲ့မင်းရဲ့အချစ်​အတွက်​...´

သူ​ခေါ်လာမည့်​ နူးနူးညံ့ညံ့​ခေါ်သံအား
Baekhyun အခုထဲကရင်​ခုန်​​နေမိသည်​။

"Baekhyunee..."

အ​နောက်​က​ခေါ်သံ​ကြောင့်​ လှည့်​ကြည့်​လိုက်​မိ​တော့.... Hyung...။

"Hyung... ဘယ်​လိုဖြစ်​လို့ ​ကျောင်းထိ​ရောက်​လာတာလဲ? Chanyeolကို စိတ်​မချလို့လား?"

"မဟုတ်​ဘူး... Baekကိုအကူအညီ​တောင်းစရာ​လေးရှိလို့... အဲ့တာ Hyungနဲ့ခဏ​လောက်​လိုက်​ခဲ့​ပေးနိုင်​မလား? ဆိုင်​တဆိုင်​ဆိုင်​မှာ စကား​ပြောရ​အောင်​..."

မျက်​နှာမ​ကောင်းတဲ့Hyungပုံစံ​ကြောင့်​ Baekhyunအလွယ်​တကူ ကူညီ​ပေးနိုင်​လျှင်​ကူညီ​ပေးမည်​ဟု ဆုံးဖြတ်​လိုက်​မိသည်​။

                    ~~~Sam~~~

"ဘယ်​လို Hyung? တကယ်​.... တကယ်​ပဲ..."

ကြားလိုက်​ရ​သောစကားက လုံးဝယုံကြည်​ဖွယ်​ရာမရှိခဲ့...။

Hyungမှာ ​သွေးကင်​ဆာရှိ​နေသည်​တဲ့​လေ။

ကျန်းကျန်းမာမာရှိ​နေတဲ့Hyungမှာ အဲ့လို​ရောဂါရှိ​နေသည်​ဆိုတာက ယုံချင်​စရာမှမဟုတ်​တာ။

"ဟုတ်​တယ်​ Baek... Hyung ​ချောင်းဆိုးရင်​​သွေးပါလာတတ်​တာ​ကြောင့်​ ​ဆေးရုံသွားပြကြည့်​တာ.... ကြားကြားခြင်းHyungလည်းမယုံခဲ့ဘူး... Hyungက ကိုယ်​ခံ​အား​ကောင်းတဲ့သူမို့ မသိသာတာတဲ့​လေ...."

"အဲ့....အဲ့​တော့... Hyungကဘယ်​လိုလုပ်​ချင်​တာလဲ?"

"Hyungတို့ သားအဖ​တွေဒီနိုင်​ငံက​နေထွက်​သွားမလို့..."

Chanyeollie.....
Chanyeollieကိုပါ​ခေါ်သွားမှာတဲ့လား?

အခုမှ... အခုမှ... ကျွန်တော့်​အချစ်​ကိုမြင်​လာတုန်းရှိ​သေးတယ်​​လေ Hyung...။

ကျွန်တော့်​အချစ်​​တွေ သူ့ဆီကို ဖွင့်​ဟဖွင့်​အချိန်​ယူ​နေတုန်းရှိ​သေးတယ်​​လေ....။

Sam Where stories live. Discover now