______နှလုံးသားဖြင့်ကြည့်၍မြင်သည်______

တတောက်တောက်နဲ့ နဘေးကနေTypingရိုက်နေတဲ့ Baekhyunရှိရာကို မီးပွိုင့်မိတဲ့အချိန်လေးမှာ ကျနော် စောင်းငဲ့ကြည့်လိုက်မိတယ်...။

မတုန်မလှုပ်ခပ်အေးအေးမျက်နှာထားတစ်ခုနဲ့ ဖုန်းကိုပဲအာရုံစိုက်လို့ Typingရိုက်နေတဲ့ကောင်လေးရဲ့ မျက်နှာထားက ကျနော့်ကို အံ့အားသင့်စေတာအမှန်...။

အိမ်ပြန်မယ့်သူနဲ့ရုံးကိုပြန်သွားရမယ့် ကျနော်...ကြားထဲကသွားရတဲ့လမ်းကလမ်းကြောသင့်နေတာကြောင့် လိုက်ပို့ပေးမယ်ပြောတုန်းက အသည်းအသန်ငြင်းခဲ့တဲ့ ကောင်လေးကိုမနည်းဆွဲခေါ်ပြီး ကော်ဖီဆိုင်လေးနားက ကိုယ့်siteထဲရပ်ထားတဲ့ကားပေါ်တင်ခေါ်ခဲ့ကတည်းက မပွင့်တပွင့်အပြုံးလေးနဲ့ပါလာခဲ့သူပါ...။

မှတ်တိုင်တစ်ခုကျော်အပြီးမှာမှ ဝင်လာတဲ့Lineက SMSတစ်စောင်ကို ဖွင့်ဖတ်ပြီး တတောက်တောက်နဲ့typingရိုက်လိုက်..ပြန်ပို့လာတဲ့စာကိုReplyလုပ်လိုက်နဲ့...အခုမှတ်တိုင်လေးငါးခုကျော်အပြီး ပွိုင့်အမိမှ ကျနော်သူ့ကိုကြည့်မိတယ်..။

အမြဲတစေပြုံးနေတတ်တဲ့ကောင်လေးက..အခုဘာကြောင့်နဲ့များ အေးစက်စက်မျက်နှာထားနဲ့တည်တံ့နေရတာလဲ??

ဝေခွဲမရတဲ့စိတ်နဲ့ကျနော်သူ့ကို ကြည့်နေမိပေမယ့် Baekhyunကတော့ မျက်မှောင်ကြုတ်နေရင်းသာ SMSတစောင်ကိုReplyပြန်ဖို့ပဲ အာရုံစိုက်နေတယ်..။

စက္ကန့်ပိုင်းအကြာလောက်မှ ကျနော့်ကိုလှည့်ကြည့်လာတဲ့ ကောင်လေးက ထင်မှတ်ထားစရာမကောင်းအောင်ကိုပဲ  မျက်မှောင်ကြုတ်ရက်နဲ့ ကျနော့်ကိုကြည့်လာတယ်...။
ပြေလျော့မသွားသေးတဲ့သူ့မျက်ခုံးတွေရယ် ၊ အလိုမကျမှုတွေကြီးစိုးနေတဲ့ သူ့မျက်ဝန်းအရိပ်အယောင်တွေကိုကြည့်ပြီး ကျနော်အသည်းအသန်အဖြေရှာနေတုန်းမှာပဲ ဖြေးဖြေးချင်းဆီပြေလျော့သွားတဲ့ သူ့မျက်ခုံးတွေနဲ့ တရိပ်ရိပ်ကော့တက်လာတဲ့ သူ့နှုတ်ခမ်းပါးတစ်စုံ....

ပြောင်းလဲသွားတဲ့မျက်နှာထားကို ထူးထူးဆန်းဆန်း ကျနော်ငေးကြည့်နေမိတော့...

"Yeolနဲ့ရန်ဖြစ်နေတာ..Aheee...."

ကလေးတယောက်လိုအသံထွက်ရယ်ပြလာပြီး သူ့လက်ထဲက ဖုန်းလေးကိုကျနောရှိရာ ထောင်ပြလာခဲ့တဲ့ Baekhyunကို ကျနော်ပြုံးရုံသာပြုံးပြလိုက်ပြီး ပွိုင့်ကိုပဲအာရုံပြန်ပို့လိုက်မိတယ်...။

You've reached the end of published parts.

⏰ Last updated: Feb 08, 2019 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Where stories live. Discover now