"နိုးနေပြီလား Chanyeol??"
မနက်ခင်း၇နာရီစွန်းစွန်းလောက် ကျနော်အခန်းထဲက ထွက်လာခဲ့တော့ ဧည့်ခန်းအလယ်မှာ ထိုင်နေတဲ့ Chanyeolက ကျနော့်ကို လှမ်းကြည့်လာပြီး ပြုံးပြလာခဲ့တယ်..။
"စောသားပဲ.."
"ငါမနက်စာမလုပ်ရသေးဘူး..အပြင်မှာစားရအောင် Naung.."
မီးဖိုဆောင်ဘက်သွားရင်း နှုတ်ဆက်စကားပြောမိတော့ ဆက်ပြောလာတဲ့ သူ့စကားကြောင့် ကျနော် ခေါင်းငြိမ့်ပြလိုက်ကာ သတိတရမေးလိုက်မိတာက...
"Baekhyunရော ခေါ်လိုက်လေ.."
"Baekhyuneeက မနက်စာစားလေ့မရှိဘူး.."
နှုတ်ခမ်းတစ်ဖက်ကော့တယ်ဆိုရုံလေး ပြုံးရင်း ဖြေလာတဲ့ သူ
"အဆင်သင့်ပြင်ထားနော် Naung..၊တစ်ခါတည်း ရုံးတန်းသွားရအောင်..."
လက်ထဲကသတင်းစာကို ခုံပေါ်တင်ရင်း သတိပေးစကားပြောပြီး ထထွက်သွားတဲ့ သူဝင်သွားရာအခန်းက ပန်းရောင်ဆံပင်နဲ့ သူ့ကလေးငယ်ရဲ့ အခန်း...
"Huk.."
နာကျင်စွာတစ်ချက်ရယ်လိုက်ပြီး ရေတစ်ခွက်ကိုသောက်ရင်းသာ ရင်တွင်းက အပူတွေကို ဖြေလျော့ပါရစေတော့...
ကျနော် Baekhyunကို အိမ်ပေါ်ခေါ်တင်မိတာ မှန်တော့မှန်ပါတယ်နော်...
_______နှလုံးသားဖြင့်ကြည့်၍မြင်သည်_______
"အဲ့ဆို Hyungသွားတော့မယ်နော်...နေရဲတယ်မလား?"
စိတ်မချတဲ့အကြည့်တွေနဲ့ မှာတမ်းခြွေနေသော ကျနော် ချစ်ရသူကို ခပ်ပါးပါးအပြုံးနဲ့ Baekhyunက ခေါင်းငြိမ့်ပြလာပြီး လက်ဝေ့ရမ်းရင်း နှုတ်ဆက်လာတယ်..။
Pikachuအင်္ကျီဝတ်ကောင်လေးက ကျနော့်ကိုပါ လှမ်းကြည့်လာပြီး...
"ကောင်းသောနေ့လေးဖြစ်ပါစေ P'..."
ကောင်းမွန်တဲ့ ဆုပေးစကားကြောင့် ကျနော် ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်မိတယ်..။
YOU ARE READING
နှလုံးသားဖြင့် ကြည့်၍ မြင်သည်...(Baekhyun×Chanyeol×OC-Yaoi)
Fanfiction....ငါမင်းကိုပေးနိုင်တဲ့ ပျော်ရွှင်မှုထက် သူမင်းကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက ပိုများနေတဲ့အခါ..... ....အတ္တကြီးတယ်ဆိုဆို...တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော...ငါ..ငါ့ပျော်ရွှင်မှုကိုပဲ ရွေးချယ်ပါရစေ..... ....ဘယ်လောက်ပဲ ပေး...