\\6//

1.2K 227 24
                                    

နဖူး​ပေါ် လက်​တင်​အိပ်​လို့ ​စော​စောက Chanyeol ​ပြောခဲ့တဲ့စကားကိုသာ နားထဲထပ်​တလဲလဲ ကြား​နေမိတယ်​။

..မတူဘူးကာကွယ်​​ပေးရမယ်​..တဲ့လား...။

ဟုတ်​မှာ​ပေါ့..ကျ​နော်​က သူ့ သူငယ်​ချင်း..ဟိုက​လေးက သူချစ်​ရတဲ့ သူ့ချစ်​သူ...။

Byun Baekhyun ကို​တော့ မနာလိုဖြစ်​မိသား...။

"Huk..Huuuu~~~~"

သက်​ပြင်း​မောတခုကို မှုတ်​ထုတ်​လိုက်​ပြီး ကိုယ့်​ဆံပင်​​တွေကို ဆွဲဖွလိုက်​မိချိန်​မှာပဲ အိမ်​​ရှေ့ခန်းဆီက ဘဲလ်​တီးသံ ကြားလိုက်​ရတယ်​...။

စော​စောကမှာထားတဲ့ အစားအ​သောက်​​တွေ လာပို့ပြီ​နေမှာ.။

Bedside​ပေါ်က ပိုက်​ဆံအိတ်​ကို ​ကောက်​ဆွဲပြီး အခန်းပြင်​ ထွက်​လာခဲ့​တော့ Baekhyunက သူ့ပိုက်​ဆံသူ ထုတ်​ရှင်း​ပေး​နေပြီ...။

"Thank u.."

အစားအစာပန်းကန်​​ချပ်​​တွေကို စားပွဲ​ပေါ် တင်​​ပေးပြီး အနားကထွက်​သွား​တော့မယ့်​ Delivery​ကောင်​​လေးကို ​ကျေးဇူးတင်​စကား​ပြောပြီးတာနဲ့ ချက်​ချင်းဆိုသလို Baekhyun အကြည့်​​တွေက စားပွဲ​ပေါ်က ပန်းကန်​ချပ်​​လေးတွဆီ ​ရောက်​သွားပြီး ခပ်​ပြုံးပြုံးအ​နေအထားနဲ့ ​ငေးကြည့်​​နေတယ်​...။

အရာရာကို ပြုံးကြည့်​​တတ်​တာ ဒီ​ကောင်​​လေး အကျင့်​များလား...။

ကျ​နော်​ သူ့နားရပ်​​နေတာ​တောင်​ သတိမထားမိ​သေးဘဲ ​ကောင်​​လေးက သူ့ကိုယ်​ပိုင်​ဖုန်းကို ထုတ်​ပြီး စားပွဲ​ပေါ်က ညစာ​တွေကို ဓာတ်​ပုံရိုက်​ယူ​နေ​လေရဲ့...။

ဓာတ်​ပုံရိုက်​ဖို့ သူ့လက်​ထဲ ကိုင်​ထားတဲ့ ​wallet​လေးကို စားပွဲ​ပေါ်တင်​လိုက်​တာနဲ့ ကျ​နော်​ အဓိပ္ပါယ်​မဲ့စွာပဲ ပြုံးလိုက်​မိတယ်​...။

အမည်း​ရောင်​​​အောက်​ခံ​ပေါ်မှာ ပိုက်​ဆံအိတ်​​ထောင့်​က​နေအနီ အဖြူ အမည်း သုံးလိုင်းစ​လေး designဆင်​ထားတဲ့ Thom Browne Wallet​လေးကို ကျ​နော်​ ခပ်​​တွေ​တွေ​ငေးကြည့်​​နေမိတယ်​...။
$500​ကျော်​600နီးနီး​ပေးရတဲ့ wallet​လေးကို ကျ​နော်​ ​သေ​သေချာချာကို မှတ်​မိတာ​ပေါ့...။
လွန်​ခဲ့တဲ့ ၈လ​ကျော်​​လောက်​က Mallတစ်​ခုမှာ Chanyeolရဲ့ လှတယ်​မလား အ​မေးကို ကျ​နော်​ ​ခေါင်းငြိမ့်​​ထောက်​ခံခဲ့တဲ့ wallet​လေး...။
ရူး​ကြောင်​​ကြောင်​နိုင်​စွာနဲ့ အဲ့အချိန်​တုန်းက ကျ​နော့်​ကို ​ပေးဖို့ ၀ယ်​လာခဲ့တယ်​ မှတ်​​နေခဲ့တာ...။၁လ​ကျော်​တဲ့အထိ လက်​ထဲမ​ရောက်​လာခဲ့မှ သူ သုံးဖို့ဝယ်​လာတာမှန်း ရိပ်​မိသွားပြီး သ​ဘောတကျရယ်​ခဲ့မိ​သေးတာပဲ...။

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Where stories live. Discover now