\\7//

1.4K 218 28
                                    

အချစ်ကလိုက်ရင်ပြေးတယ်...တဲ့...
အဲ့ဒီစကားစုကို ယုံကြည်ပြီး ကျနော် ဒီတိုင်းငြိမ်ရပ်ပေးနေခဲ့ရင်ရော????

Huk...ကျနော့်အချစ် Park Chanyeolဆိုသူက သေချာပေါက် ကျနော့်ကို မမြင်ဟန်ပြုရင်း ကျော်တက်သွားမှာပဲ...။

အခုတောင်မေးလာခဲ့ပြီပဲ...

အိမ်ပြောင်းပေးရမလား...တဲ့..။

ပြောထွက်နိုင်ရင်သူသိအောင်ပြောလိုက်ချင်ပါရဲ့...

Park Chanyeol...မင်းတော်တော်ရက်စက်တယ်..ဆိုတဲ့စကားကို...။

______နှလုံးသားဖြင့်‌ကြည့်‌၍မြင်‌သည်‌______

"Naung..."

"Park Chanyeol..မင်းငါ့ဘက်ကို ထည့်မတွေးတာလား??"

သူ့စကားမစရသေးခင် ကျနော်ဖြတ်ပြောလိုက်တော့ Chanyeolက ကြောင်ကြောင်လေးငေးကြည့်လာပြီးမှ ခပ်တိုးတိုးသက်ပြင်းချလာခဲ့တယ်...။

"အဲ့လိုမဟုတ်ပါဘူးNaung..ငါက...."

"ဘာမဟုတ်ရမှာလဲ??!ဘာမှအရေးမကြီးတဲ့ကိစ္စလေးအတွက်နဲ့ မင်းငါ့အိမ်ကနေ ပြောင်းမှာတဲ့လား??!!ငါကအဲ့ဒါကို ဘယ်လိုနားလည်ပေးရမှာလဲ...ဟမ်??"

မထိန်းနိုင်တော့တဲ့အဆုံး ကျနော် အော်မေးလိုက်မိတယ်...။
သူကတော့ အောက်နှုတ်ခမ်းကို လျှာနဲ့သပ်လို့ တစ်ခုခုကိုပြောသင့်မပြောသင့် ချင့်ချိန်နေတဲ့ပုံစံမျိုးနဲ့ သူ့ဆံပင်တွေကြား လက်ထိုးထည့်ပြီး သုံးလေးချက်လောက်ဖွပြီးကာမှ....

"တိုးတိုးပြောပါNaungရယ်..Baekhyuneeကြားသွားပါဦးမယ်..."

ကျနော်ပြောနေတဲ့စကားတွေရဲ့ လမ်းကြောင်းနဲ့မဆိုင်တဲ့ စကားကိုအရေးတယူလုပ်ပြောလာတဲ့ Chanyeolကို ကျနော်ငြိမ်ပြီး ငေးကြည့်နေမိတယ်...။
သူကလည်း ကျနော့်ကို တန်ပြန်ငေးကြည့်နေပြီး အချိန်တစ်ခုကြာမှ အရာအားလုံးကို ဖွင့်ပြောပြတော့မယ့်ပုံမျိုးနဲ့ သူ့မျက်ခုံးစပ်သူလက်ညိုးနဲ့ ခဏကုပ်ပြီးမှ...

"ကောင်းပြီ..၊ငါပြောပြမယ် Naung..၊မင်းဘက်ကတွေးတော့လည်း မှန်နေတာပေါ့...ငါကတောက်လျှောက် မင်းနဲ့နေခဲ့ပြီး..အခုမှ ပြောင်းချင်တာဆိုတော့...အင်း...မင်းလည်းငါ့ကို အတ္တကြီးတဲ့သူလို့တွေးမှာပေါ့...ဒါမယ့် Naung....."

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Where stories live. Discover now