P.11..

6K 704 48
                                    

Zawgyi

နာမည်​ကြီးရုပ်​ရှင်​မင်းသားတစ်​​ယောက်
သူ့ရဲ့အားလပ်​ရက်
ကို ဖြတ်​သန်းချိန်​ဟာ..
ဒီ​လောက်​ဘရုတ်​ကျတယ်​ ဆိုတာ..
ဘုရားစူး..
မျက်​မြင်​ကိုယ်​​တွေ့မို့လို့သာ ယုံ​နေရတာပါ...။

သူ့လို ​ချော​ချော​မော​မော လူက ဒီ​လောက်​ရုပ်​​ပေါက်​လိမ့်​မယ်​ ဆိုတာ..
တစ်​ခါမှ မ​သိခဲ့ဖူးတာ အမှန်​..။

အာလူး​ကြော်​ ဘူးကြီးကို ကိုင်​ထားပြီးတစ်​ဂျွမ်းဂျွမ်း
မြည်​​အောင်​နှိုက်​စား​နေပြီး​တော့..တစ်​ချက်​တစ်​ချက်​..
အ​အေးဘူးကိုလည်း ​ကောက်​​မော့လိုက်​​သေးသည်​..။

ပြီး​တော့..ဧည့်​ခန်းမှာထားထားတဲ့အလှခုံ​ပေါ်
ခြေ​ထောက်​ကြီးတင်​ထားပြီး တီဗွီ ကြည့်​​နေ​သေးသည်​..။
အဲ့ဒါအပြင်​..
ဆံပင်​ကလဲ အိပ်​ရာနိုးကတည်းက မဖြီးမသင်​ထားတာမို့
ပုံမှန်​ သပ်​ရပ်​​နေသည့်​ ဆံပင်​က ငှက်​သိုက်​လို့ထင်​ရ​လောက်​​အောင်
ရှုပ်​ပွ​နေသေးသည်​..။

အသက်​၃၀ ​ကျော်​က​နေချက်​ချင်း သူငယ်​ပြန်​သွားသလို
လုပ်​​နေသည့်​ လူကို ကြည့်​ပြီး အံ့သြမင်​သက်​လွန်းလို့..
ပြောစရာစကား​တောင်​ ရှာလို့မ​တွေ့ဘူး ..တစ်​ကယ်​..။

စွပ်​ကျယ်​ဂျိုင်းပြတ်​ ..
အားကစား​ဘောင်းဘီအမဲနဲ့...
မုန့်​​တွေပလုတ်​ပ​လောင်းစား​နေတဲ့ပုံစံကြီးဟာ..
တော်​​တော်​​လေးကို့ရို့ကားယား ဖြစ်​​နေတာမှန်​​ပေမယ့်​..
ဝန်​မခံချင်​တဲ့အပိုင်းမှာ...
ဒီပုံစံကြီးဖြစ်​​နေတာ​တောင်​မှ...ကြည့်​​ကောင်း​နေ​သေးတာ
ဆိုတာပဲ..။

အေး​လေ..
ဒီလူကိုက...ဘာလုပ်​လုပ်​ ကြည့်​​ကောင်းပါ​စေဆု​တောင်း
နဲ့​မွေးလာခဲ့တဲ့လူကိုး..ထားပါ​တော့...။

ဒီအိမ်​ကို​ရောက်​ပြီး​နောက်​ပိုင်း..ဒီ​နေ့က..
သူကျွန်​​တော့်​အနားမှာ...မိုးလင်းကမိုးချုပ်​တစ်​ရက်​လုံး
အတူတူရှိ​နေ​ပေးသည့်​ ပထမဆုံး​နေ့​ပင်​..။
သူ​ပြောတာ​တော့..ဒီ​နေ့ ကားရိုက်​နားသည်​တဲ့..။

ကျွန်​​တော်​က​တော့ ရှားပါးအခွင့်​အ​ရေးကြုံရတဲ့ လူပီသစွာ..
ပျိုတိုင်းကြိုက်​နှင်းဆီခိုင်​ကြီးရဲ့ ဖမ်း​ခေါ်ထားတာကိုခံ​နေရပြီး
ဒင်းရဲ့ ဘယ်​သူမှ မမြင်​ဖူးတဲ့..
privacy ပုံရိပ်​လှလှ​လေး​တွေကို အနီးကပ်​မြင်​​နေရတဲ့
ပထမဆုံး လူသား​လေး ဖြစ်​​နေသည်​​ပေါ့...။

Because He is Byun Baek Hyun ( Zawgyi + Unicode )Where stories live. Discover now