P.2..

5.8K 809 9
                                    

Zawgyi

"​အော်​..ဘယ်​သူများလဲ မှတ်​တယ်​..
မိဘမဲ့​လေးပါလား.."

အ​ဆောက်​အဦး ​အောက်​ကို ဆင်းဖို့..
ဓာတ်​​လှေကား​စောင့်​​နေတာက​နေ..အ​ခြေအ​နေ​တွေ
ဒီ​လောက်​ထိ ​ပြောင်းသွားမယ်​လို့ မထင်​ထားမိ..။

ဒီ entertainment ကြီးတစ်​ခုလုံးမှာ..မ​တွေ့ချင်​ဆုံး
လူနှစ်​​ယောက်​နဲ့မှ .. လာ​တွေ့ရတယ်​လို့..။
ကံတရားကြီးက ဒီ​နေ့ ကျွန်​​တော့်​ဘက်​မပါဘူးလို့ပဲ ​ပြောရမလား..။

Idol စဖြစ်​ကတည်းက..ကိုယ့်​ရဲ့အားနည်းချက်​ကို..
အမြဲတမ်းနှိမ်​ချခဲ့သည့်​..ဒီစုံတွဲ နဲ့ တည့်​တည့်​ကြီး လာတိုးရသည်​...။
အေး​ပေါ့​လေ...။
ဒင်းတို့က နှစ်​​ယောက်​လုံး အမတ်​သားသမီး​တွေကိုး..။
ပိုက်​ဆံအတွက်​ idol လုပ်​​နေကြတာမဟုတ်​ပဲ..၀ါသနာ ​ကြောင့်​ idol လုပ်​နိုင်​တဲ့လူ​တွေဆို​တော့လဲ
သူများကို နှိမ်​လို့​ကောင်းတာ​ပေါ့...။

entertainmaent တစ်​ခုတည်းဖြစ်​​နေသ​ရွေ့​တော့
ဒင်းတို့နဲ့ ထိပ်​တိုက်​ ဆုံ​နေဦးမှာ ပဲ ဆို​တော့ကာ..။

အင်း..ထားပါ​တော့..။
ဂေဟာ​ရှေ့မှာ လာစွန့်​ပစ်​သွားတယ်​ဆိုတဲ့..မြင်​​တောင်
မမြင်​ဖူးတဲ့ မိဘ​တွေကိုပဲ အပြစ်​တင်​လိုက်​​တော့မယ်​..။

"​အောင်​မြင်​​နေပြီဆို​တော့..​ပျော်​​နေမှာ​ပေါ့..."

ဓာတ်​​လှေကားထဲက..တစ်​လှမ်းချင်းစီ ထွက်​လာကြသည့်
ဒင်းတို့နှစ်​​ယောက်​ စလုံး မျက်​နှာ​တွေက..
တံ​ထွေးနဲ့ ​ထွေးပစ်​လိုက်​ဖို့​ကောင်း​အောင်​ကို
စက်​ဆုပ်​ဖွယ်​ ​ကောင်းသည်​..။

ရုပ်​​လေး​တွေက​တော့..ချစ်​စရာ​ကောင်း​ပေမယ့်​..
စိတ်​ဓာတ်​က​တော့​အောက်​တန်းစားဆိုတာ..သူတို့အတွက်
ဥပမာ​ကောင်းတစ်​ခုလို့ပဲ ​ပြောရမည်​ ထင်​သည်​..။

အများသူငါ idol​တွေ ​သေ​သေ​ကြေ​ကြေ ကြိုးစားခဲ့ကြချိန်​မှာ သူတို့နှစ်​​ယောက်​က ၀ါသနာ ဆိုတဲ့စကားလုံးကို
ခုတုံးလုပ်​ အာဏာရှိတဲ့ မိဘ​တွေအားကိုးနဲ့..
ဒီ​နေရာကို ယူထားကြတာ..
ဒီentertainmaentက CEO အစ သန့်​ရှင်း​ရေး
အဆုံး အားလုံးသိသည်​..။

Because He is Byun Baek Hyun ( Zawgyi + Unicode )Where stories live. Discover now