I Have already ...

Start from the beginning
                                    

တကယ်​မျက်​ရည်​တစ်​စက်​​တောင်​ ကျချင်​လာပြီ ။

" ဂျုံအင်​ .. အခုတ​လော မင်းဘာဖြစ်​​နေတာလဲ ..
ဘာလဲ ငါ့ကို ရည်းစားစကား​ပြောမလို့လား "

" ​မောင်​ အတည်​​ပြောရင်​ သဲငယ်​က လက်​ခံ
မှာလား "

ကျ​တော်​သည်​ ​မျှော်​လင့်​ချက်​ထားသူမဟုတ်​သဖြင့်
တကယ်​ချစ်​သည်​ဖြစ်​​စေ မချစ်​သည်ဖြစ်​​စေ
သိပ်​ဂရုစိုက်​မည်မဟုတ်​ .. ။

.

" ဟွန်း ငယ်​ .. ​မောင့်​ ကို စိတ်​ဆိုးသွားပြန်​တာလား "

ကျ​တော့်​တိုက်​ခန်းဆီလိုက်​ပို့ရာလမ်းတစ်​​လျှောက်
တစ်​တွတ်​တွတ်​နှင့်​ အသည်းအသန်​​ချော့​နေပါ​သော
မောင့်​ ​ကြောင့်​ ရယ်​ချင်​စိတ်​ထိန်းမရ ။

အားအားရှိ ကျ​တော်​က​ဘဲ တစ်​ခုခုဆို
စိတ်​ဆိုးလွယ်​တဲ့သူလိုလို ။

" အရင်​တစ်​ပတ်​ကဘဲ ပါး​ညောင်းမတက်​​ချော့ထား
ရတာ .. အခုရစ်​ပြန်​ပြီတဲ့လား ။ ​"

" အားအားယားယား ငါကို စိတ်​ဆိုး​နေတယ်​ချည်းထင်​ပြီး
အမြဲတမ်းလိုက်​​ချော့​နေတာဘယ်​သူလဲ ?? ငါ့ပါးစပ်​က
စိတ်​ဆိုးပါတယ်​​ပြောမိလို့လား "

" ဟုတ်​ပါပြီ​ဗျာ ဒီ​ကောင့်​အမှား ..
ချစ်​​​တော့လည်း သည်းခံ​ပေါ့ "

" ပြန်​​တော့ .. "

" သဲငယ်​ မင်း တကယ်​ နှင်​ထုတ်​ရက်​တယ်​ "

မဟားတရားကို စိတ်​ထိခိုက်​​ကြေကွဲသွားသ​ယောင်
မျက်​နှာငယ်​ဖြင့်​ ညည်းညူ ပြ​နေ​၍ မသိလျှင်
ကျ​တော်​ကဘဲ သင်းအား နှိပ်​စက်​​နေသလိုလို .. ။

" မနက်​ဖြန်​ မင်းအိမ်​လာခဲ့မယ်​ ..
မင်းအ​မေကိုလည်း မ​တွေ့ရတာကြာပြီ "

အမြဲတမ်း ကျ​တော့်​ဆီသာလာ​နေကြဖြစ်​​သော်​လည်း
ကျ​တော်​သည်​လည်း လူမှုကျင့်​ဝတ်​နားလည်​ရမည်
မဟုတ်​ပါလား ။

တစ်​ခါတစ်​​လေ တကယ့်​ကို တစ်​ခါတစ်​​လေ​တော့
မောင့်​ အား အ​လျှော့​ပေးချင်​ပါသည်​ ။

" ​မောင့်​ ချစ်​သူ ဆိုပြီး လာ​တွေ့မလို့လား "

သို့​သော်​ငြား ကျ​တော့်​၏ စိတ်​​ကောင်းမှန်​သမျှအား
လွင့်​စင်​သွား​အောင်​ ထိုစကားတစ်​ခွန်းတည်းနှင့်
လုပ်​လိုက်​သလိုပါပင်​ ။

" မင်းဟာ​မ​လေး​တွေဘဲ ​ခေါ်သွား "

" ​ခေါ်စရာလား .. သဲငယ်​သာသ​ဘောတူရင်
ချက်​ချင်းလက်​ထက်​လို့ရတယ်​ "

ပြောစရာစကားမဲ့သွားကာ မည်​သို့တုန့်​ပြန်​ရမှန်း
မသိတော့၍ ​ကြောင်​​အ​နေသည့်​ ကျ​တော့်​အား
ရုတ်​ချည်းဆွဲဖက်​လိုက်​​သော ​မောင့် လက်​အစုံကြား
ကျ​တော်​ မ​ရစ်​မူးချင်​ပါ ။

ကျ​တော့်​၏ တစ်​ဖက်​သက်​အချစ်​​အ​ပေါ် 
ကျ​တော်​ကိုယ်​တိုင်​သာ မီးစာထည့်​လျှင်
တစ်​ချိန်​တစ်​ချိန်​ ​မောင့်​လက်​ကို လွှတ်​​ပေးနိုင်​မည်
မဟုတ်​သလို ။ ​မောင့်​ ရင်​ခွင်​ထဲကလည်း ထွက်​နိုင်
တော့မည်​မဟုတ်​​ချေ ။

" ငါ့မှာ ချစ်သူရှိပြီးသား "

" မကြာခင်​ ပြတ်​​စေရမယ်​ "

ကျောခိုင်းသွားပြီဖြစ်​​သော တစ်​​ယောက်​​သောသူကို
ကျ​တော်​ မတားမြစ်​မိပါ ။


.
.
.



မ​​နေ့ကမပြီး​သေးဘဲအိပ်​​ပျော်​သွားတာ 😁

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now