I Have already ...

Börja om från början
                                    

ကျ​တော်​သာ ရွဲ့မည်​ ။ ကျ​တော်​သာ မုန်းမည်​ ။

မောင်​က​တော့ ကျ​တော့်​အ​ပေါ် ရွဲ့ခွင့်​ ၊ မုန်းခွင့်​ မရှိ ။

" ​​အဲ့စကား ပြန်​​ပြောလိုက်​စမ်း .. ​မောင်
ပြန်​​ပြောလိုက်​စမ်း "

" သဲငယ်​ .. အဲ့ သ​ဘော မဟုတ်​ဘူး ​လေကွာ "

စကားအဖြစ်​​ပြောမှန်းသိ​သော်​ငြား ​မောင်​ ကိုယ်​တိုင်
ပြောလာသည်​မို့ ဘာမှမဟုတ်​ပါဘူးဟူ၍
လျှောမချနိုင်​ ။

" ဘာလဲ .. အရမ်းအလိုလိုက်​​နေရ​တော့
ငြီး​ငွေ့လာတာလား ??!! စိတ်​ပျက်​သွားတာလား ??!! "

စကားနာထိုးသမျှကို ပြန်​လည်းမတုန့်​ပြန်
ပြန်​လည်း မ​ဖြေဘဲ ကျ​တော့်​မျက်​နှာကိုသာ ​စေ့​စေ့ကြည့်
လာကာ စ​တွေ့ကတည်းက အပြုံးလတ်​လတ်​ဆတ်​ဆတ်
များက နည်းနည်း​လေး​တောင်​ ​​လျှော့မသွား ။

ဒေါသထွက်​တဲ့ကိုယ်​ဘဲ ​ရောဂါတက်​​တော့မည်​ ။
အနှီးလူဆီက​တော့ အထက်​ပါအ​မေးနှင့်​စပ်​လျဉ်း၍
အ​ဖြေပြန်​ရလိမ့်​မည်​မဟုတ်​​ချေ ။

" ​ရေခဲအရည်​​ပျော်​သွားရင်​ ​သောက်​​ကောင်းမှာ
မဟုတ်​​ဘူး ။ ​ခဲ​နေတုန်း ​သောက်​လိုက်​ "

ကျ​တော်​မတို့ထိရ​သေး​သော ကိတ်​မုန့်​ကို ဇွန်းနှင့်​ဖဲ့​ပြီး
ပါးစပ်​နားထိခွံ့လာသည့်​အပြင်​ လွန်​ခဲ့တဲ့စက္ကန့်​ပိုင်းက
မည်​သည့်​ကိစ္စမှမဖြစ်​သွားသလို ​အေး​ဆေးပင်​ .. ။

မသိလျှင်​ ကျ​တော်​ကဘဲ အဆိုးတကာ့ အဆိုးဆုံး
ဖြစ်​ရ​တော့သည်​ ။

" မစားဘူး .. "

" ဆယ်​ ဟွန်း .. ငါမင်းကို တကယ်​ကြိုက်​မိလာရင်
ဘယ်​လိုလုပ်​မလဲ "

စ​နောက်​သည့်​​လေသံမဟုတ်​သလို တည်​ငြိမ်​သည့်
မျက်​နှာအမူအယာ​ကြောင့်​ အထအနတကယ်​​ကောက်​ပြီး
မျက်​ရည်​တစ်​စက်​ကျကာ ​ပျော်​ရ​တော့မလိုပင်​ ။

ကိုယ့်​အ​တွေးနှင့်​ကိုယ်​ ထရယ်​မိ​တော့ မျက်​စိ​ရှေ့က
ကိုယ်​​တော်​​ချောဆီမှ ဘုကြည့်​ , ကြည့်​ခြင်းခံလိုက်​ရ၏ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Där berättelser lever. Upptäck nu