You!!!!

22 7 0
                                    

Samsung eventမှာ ဖျော်ဖြေပြီးတော့ back stageကိုရောက်တာနဲ့ လဲကျသွားပြီး နာကျင်နေတဲ့ ခများရဲ့ပုံရိပ်က ကျနော့်ကို အရူးတစ်ပိုင်းဖြစ်သွားစေခဲ့တာပဲ...

နာကျင်နေတဲ့ ခများကိုမြင်ရတာ ကျနော့်မှာ အရှင်လတ်လတ် ငရဲကျတာထက် အကြောင်းဆိုးပါတယ်...

အသက်လုရှူနေရတဲ့ ခများကိုမြင်ရတာ ကျနော့်နှလုံးသား ကွဲသွားမတတ်ပါပဲ...

ဘောင်းဘီကို ကျစ်နေအောင်ဆုပ်ထားတဲ့ ခများရဲ့ လက်သွယ်သွယ်တွေ...

ပြီးတော့ အသံချိုချိုကြည်ကြည်လေးနဲ့ သီချင်းဆိုတတ်တဲ့ ခများရဲ့ နာလွန်းလို့ အော်တဲ့အသံတွေ...

နာနေတာတောင် အပြုံးမပျက်တဲ့ ခများရဲ့ပါးချိုင့်နက်နက်တွေ...

ခများရယ်...

အဲ့ဒါကိုတောင် ထပ် ကချင်ပါသေးတယ် တဲ့လား...

ဘယ်လိုလုပ်မှ ခများကိုဖျောင့်ဖျလို့ရနိုင်မှာလဲ.....

အကကိုရူးသွပ်ပြီး ချစ်လွန်းတဲ့ခများက အခုချိန်မှာ နားသင့်တယ်ဆိုလို့ နာကျင်နေပါလိမ့်မယ်...

ကျနော်ကတော့ ခများဒဏ်ရာရပြီး နာကျင်နေတာကြောင့် ရင်ကွဲရပါတယ်...

ကဲ!!!

ခများနဲ့ ကျနော်...

ဘယ်သူက ပိုနာကျင်ရပါလိမ့် !!!

25.1.2019*Fri*

Angle with DimplesWhere stories live. Discover now