PAPA♡

319 12 0
                                    

ကျနော့်မှာ သိပ်ချစ်ရတဲ့ သိပ်မြတ်နိုးရတဲ့ နတ်သားလေးတစ်ပါးရှိတယ်...

ကျနော့်ရဲ့နတ်သားလေးမှာ သိပ်မြတ်နိုးချင်စရာကောင်းလွန်းတဲ့ ပါးချိုင့်လေးတွေလဲရှိတယ်...

ပါးချိုင့်လေးကိုချစ်တယ်...

သူ့ပါးပေါ်က ကျနော်သိပ်ကိုမြတ်နိုးရတဲ့ အရာလေးမလို့...

ပါးချိုင့်ပါတဲ့လူကိုချစ်တယ်...

ပါးချိုင့်ပါတဲ့သူက ကျနော်ချစ်ရတဲ့ သူဖြစ်နေလို့...

ပါးချိုင့်ကိုရော ပါးချိုင့်ပါတဲ့လူကိုရော ချစ်တယ်...

ကျနော်ရဲ့ ချစ်မဝတဲ့သူ့မှာ ကျနော် မြတ်နိုးလို့မဝတဲ့ ပါးချိုင့်လေးပါနေလို့...

သူတစ်ခါပြုံးလိုက်တိုင်း ကျနော်တစ်ခါသေတယ်...

ကျနော်မြတ်နိုးရတဲ့ သူက စိတ်သဘောထားပြည့်ဝပြီး ကြင်နာတတ်တဲ့လူသားလေး...

သူပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့ပါးချိုင့်လေးက သူနဲ့သိပ်ကို လိုက်ဖက်လွန်းတာ...

သူ့ရဲ့အပြုံးကြောင့် စိတ်ကြည်နူးရတယ်...

သူက ကျနော့်ဘဝရဲ့လမ်းပြကြယ်လေး...

ကိုယ်တိုင်လဲ အမြဲတိုးတက်အောင် ပြည့်စုံနေအောင် ကြိုးစားသလို...

ကျနော်တို့ကိုလဲ အမြဲတမ်း ဆုံးမပြီး လမ်းပြပေးနေတဲ့ နတ်သားလေး...

ပြီးပြည့်စုံလွန်းပြီး ချစ်မြတ်နိုးလို့မဝသလို လေးစားပြီးအားကျရတဲ့ သူ့ကို ကျနော်ခေါ်တဲ့နာမ်စားလေးက...

ပါပါး...

တနည်းအားဖြင့်...

ကျနော့်ရဲ့ Xingငယ်လေး...

ချစ်မြတ်နိုးလို့မဝတဲ့အပြင် လေးစားပြီးအားကျရတဲ့ သူက..

ပါပါး သို့မဟုတ် Xingငယ်လေး...

24.11.2018*Sat*

ဒီစာအုပ်လေးကိုစရေးဖြစ်တဲ့နေ့က ပါပါးကိုချစ်တဲ့ သားတို့ရဲ့မွေးနေ့...♥

မထင်မှတ်ပဲ အမှတ်တရတွေဖြစ်သွားခဲ့တယ် ပါပါး♡

Angle with DimplesWhere stories live. Discover now