ပို၍ ပို၍နီးကပ်လာသည်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ အသက်ရှုသံကိုပင် ပြန်ကြားရလောက်သည်အထိ...

အဆုံးသတ်အနေနဲ့ မျက်လုံးစုံမှိတ်ကာ နူးညံ့လာမည့် အထိအတွေ့တစ်ခုကို စောင့်ဆိုင်းနေလိုက်မိပါသည်....

မတင်မကျဖြစ်ခြင်းနောက်ကွယ် ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းမှုကရောပြွမ်းလျက်... မျက်ရည်စီးကြောင်းနှစ်ခုက ပါးပြင်ထက်နေရာယူလေရဲ့...

ဒီအပျော်တွေက ခဏပဲခံပြီး ထားဝရပျောက်သွားတော့မည့်အလား မခံစားချင်ခဲ့မိတာအမှန်ပေ...

အကယ်၍...
ဖြစ်နိုင်မည်ဆိုပါက

ရုပ်ရှင်ထဲမှာသာတွေ့တတ်သော
နောက်ဆုံးအနမ်းဆိုတာမျိုးကို လက်ရှိဘဝမှာမခံစားချင်ပါလေ...

*****************************

"ခေါင်းဆောင်ကြီးရောက်ပါပြီ Light"

တုန်လှုပ်မှုကို အနည်းငယ်မျှမတွေ့ရသော်လဲ Light ရင်ထဲအရမ်းကြီး ဗလာကျင်းနေမည်လို့တော့ Chan မထင်ပါ...

Mr.Byun ရဲ့လက်အစုံကို မိမိလက်တို့နဲ့ ခပ်ဖွဖွဆုပ်ကိုင်တော့ သူကအသာလှမ်းကြည့်ရင်း Chan ရဲ့လက်ကလေးတွေကို သူ့လက်ဖဝါးတွေနဲ့တင်းတင်းယှက်နွယ်လာလေရဲ့...

"အဆင်ပြေသွားမှာမဟုတ်လားဟင် Mr.Byun..."

မျှော်လင့်မှုပြည့်သောမျက်ဝန်းအစုံတို့ဖြင့် မေးခွန်းတိုးလျလျကိုထုတ်မိပါ၏...

အားလုံးက ယုံကြည်စရာမရှိတော့ရင်တောင် သူ့အနေနဲ့ နောက်ဆုံးဆုပ်ကိုင်ထားမည့် ကောက်ရိုးတစ်မျှင်ကား Mr.Byun ပေ...

သူ့အပေါ် ဘယ်တုန်းကမှ လိမ်ညာမပြောခဲ့ဖူးသော...
ဤသို့နှယ် Mr.Byun အဖြေကို ရူးမိုက်စွာဆုပ်ကိုင်ထားချင်မိ၏...

"အင်း..."

စကားလေးတစ်ခွန်းကပင် သိပ်ကိုတန်ဖိုးရှိလှသည်...

"အင်း"...

မင်းကိုကာကွယ်ပေးမှာမို့ သေချာပေါက် ကိုယ်တို့မခွဲရပါဘူးလို့ ကတိပေးတယ် ဆိုသလိုမှတ်ထားပါရစေ Mr.Byun...

တစ်ချိန်က Mr.Byun ကိုသိပ်မုန်းခဲ့၍ သူ့ရဲ့နွေးထွေးမှုတွေကို နားမလည်ခဲ့ပေ...

Mr.Byun...Where stories live. Discover now