5

7.9K 658 41
                                    

Zawgyi>>>

ခါးကိုလာရစ်ပတ်တဲ့အထိအတွေ့နဲ့အတူ ရင်းနှီးသောအငွေ့အသက်တစ်ခုကြောင့် Chan ငြိမ်သက်သွားမိတယ်...

သွေးညှီနံ့အချို့နဲ့အတူ ကျွန်တော့်ခါးကို ရစ်ပတ်ထားတဲ့ Mr.Byun ရဲ့လက်တွေကလဲ သွေးအလိမ်းလိမ်းပေကျံလျက်...

"Mr.Byun?"

Chan စိတ်ပူသွားကာ အမြန်လှည့်ကြည့်ဖို့ပြင်တော့...

ဒါကို အကြည့်မခံနိုင်တဲ့ Baekhyun က ခါးမှအတင်းဆွဲဖက်ထားကာ အရှေ့သို့သာလှည့်နေစေသည်

"ခဏပဲ...ခဏလေးပဲ ငြိမ်နေပေးလို့မရဘူးလား?"

Mr.Byun စကားကြောင့် ကျွန်တော်ငြိမ်သက်သွားပြီး အတန်ကြာတဲ့ထိ ထိုအတိုင်းနေနေမိတယ်...

ဒီနေ့ Mr.Byun သိပ်ထူးဆန်းနေသည်...

ကျွန်တော့်မျက်နှာကိုတစိမ့်စိမ့်ကြည့်နေကျကို အခုတော့ မျက်နှာချင်းမဆိုင်ပဲ အနောက်ကနေပဲတင်းနေအောင် ဖက်ထားသည်က မရိုးလှ...

ပိုဆိုးတာက သူ့ရဲ့သန်မာလွန်းတဲ့လက်အစုံက အားလျော့နေသလိုပင်...

"ခင်ဗျားဘာဖြစ်နေတာလဲ Mr.Byun "

"မဟုတ်ဘူးငယ်...ကိုယ်ဘာမှမဖြစ်...အ့"

ရုတ်တရပ် ကျွန်တော့်ခါးနားတစ်ဝိုက်မှာ စိုစွတ်လာတာခံစားရတယ်...

ပြီးတော့ Mr.Byun...

ကျွန်တော့်ခါးကိုဖက်ထားတဲ့ သူ့လက်တွေပြေလျော့သွားပြီး သူ့တစ်ကိုယ်လုံး ကျွန်တော့်ပေါ်မှီကျလာတော့သည်...

"Mr.Byun...Mr.Byun!သတိထားပါဦး..."

Mr.Byun ရဲ့ဝမ်းဗိုက်မှာသွေးအလိမ်းလိမ်းစီးကျကာနေတယ်...

ဒီလောက်နက်တဲ့ဓားဒဏ်ရာရထားတာတောင် ကုတ်အင်္ကျီနဲ့ဖုံးအုပ်ပြီး ဟန်ဆောင်နေခဲ့သည်က...

ခင်ဗျားသိပ်ခေါင်းမာတာပဲ Mr.Byun ရယ်...

*****************************

"ကိုယ့်လက်ထဲကလွတ်ပြီလို့ထင်နေတာလား ငယ်..."

ကျွန်တော် ..သူ့ကိုတွေ့တော့အရမ်းထိတ်လန့်သွားသလို အရမ်းလဲကြောက်သွားမိတယ်...

Mr.Byun...Where stories live. Discover now