"အင်း...ကျွန်တော်ကတိပေးတယ် hyung...အဲ့လိုလုပ်ပါ့မယ်"

Ravi ၏ သက်ပြင်းချသံတစ်ခုကပင် သူ့နှလုံးသားကို ကိုင်လှုပ်နေသည့်အလားပင်...

သိချင်မိတယ်...
နောက်ကျနေပြီဆိုပေမဲ့
ခင်ဗျားရဲ့နာကျင်မှုတွေကို မျှဝေခံစားခွင့်ပြုပါ Mr.Byun ရယ်...

*****************************

လွန်ခဲ့သော အချိန်ကာလတွေသို့ ပြန်သွားကြည့်ပါက Byun Baekhyun ဆိုတဲ့ ကလေးငယ်ဟာ မိဘမဲ့တစ်ကောင်ကြွက် လမ်းဘေးမှာနေရတဲ့ အပေအတေလေး...

အင်္ကျီစုတ်ပြတ် အိမ်ခြေရယ်လို့မရှိ  တွေတဲ့နေရာကြုံသလိုအိပ်ရပြီး
အလုပ်မလုပ်တတ် ဘာမှမသိတတ်တဲ့ ကလေးငယ်တစ်ယောက်ပင်မို့
သူတစ်နေ့စားရဖို့အတွက် လူကြီးတွေဆီက မသိမသာခိုးဝှက်ရတယ်...

မိမှာစိုးလို့ အဝေးကြီးကို အသားကုန်ပြေး... လွတ်လောက်ပြီဆိုမှ ရလာတဲ့ထမင်းလေးတစ်လုတ်စာကို အလုအယက်မြိုချရင်း ရှင်သန်ခဲ့ရတာ

မမိရင်တော့လဲတစ်မျိုးပေါ့ မိတဲ့အခါကျရင်တော့ ယောကျာ်းသားကြီးတွေရဲ့ ထိုးနှက်နှိပ်စက်မှုတွေအား အလူးအလဲခံရသည်...

ထမင်းလေးတစ်လုတ်အတွက် ကလေးငယ်ရဲ့ နှုတ်ခမ်းသားတွေ ပေါက်ပြဲသည်အထိ ထိုးနှက်ခံရတယ်...

သူတို့ရိုက်နှက်လို့ဝသွားမှ နာကျင်မှုတွေကြား တရှုံ့ရှုံ့ငိုရှိုက်ရင်း ပြုတ်ကျနေတဲ့ မုန့်ကလေးတွေကို ဖုန်အသာသုတ်ရင်း စားခဲ့ရတဲ့ဘဝ...

ကံဆိုးခဲ့သည့်အချိန်ကဖြင့် ရောက်လာတော့ မိမိပိုက်ဆံခိုးလာသည့် လူကြီးမှာ Kako ဂိုဏ်းလို့ခေါ်တဲ့ အသေးစားလူမိုက်အဖွဲ့လေးတစ်ဖွဲ့ရဲ့ခေါင်းဆောင်...

သူဟာဘယ်သူမှတော့မဟုတ် အမှန်ပင် Park Chanyeol ဆိုတဲ့ ကောင်လေးရဲ့အဖေသာတည့်...

Chan ရဲ့အဖေက သူ့ပိုက်ဆံကိုခိုးယူတဲ့ကောင်လေးကို မြင်တော့သိပ်ဒေါသထွက်သွားပြီး အသေရိုက်တော့တာပေါ့လေ...

ဒါနဲ့တင်မပြီးသေးခဲ့ ကောင်လေးကို သူ့အိမ်အထိခေါ်လာပြီး စတိုခန်းပျက်ထဲမှာ သံကြိုးတွေနဲ့ချည်ပြီး အထပ်ထပ်ရိုက်နှက်ပြန်သေးတယ်...

Mr.Byun...Where stories live. Discover now