☄Gravity of TRUE LOVE☄

Start from the beginning
                                        

ပြောရင်း ငိုနေသော ညီငယ့်ကို ရင်ခွင်ထဲ ထည့်ဖက်ထားမိသည်။  ဟုတ်တာပဲ။  sehun အဲ့တူလေး၂ယောက်ကို ဘယ်လောက်ချစ်သလဲ သိနေတာပဲ။ မပေးချင်ပေမယ့် ဟိုက အဖေအရင်း။ 

" ဘာမှ မလုပ်နိုင်တော့တဲ့ အခြေအနေမှာတောင် ၁၀ရက်လောက်ကြာအောင် ပုန်းရှောင်နေခဲ့ရတယ် ။ ပင်ပန်းတယ်မလား လို့  တခွန်းမမေးဘဲ တန်းပဲဆူနေတဲ့ အကိုက မကောင်းဘူး
ဟုတ်ပြီလား "

" ဟျောင်း "

ဖက်ပြီး ငိုနေကြသော ညီအကိုကို  chanyeolဘေးကနေပဲ ရပ်ကြည့်နေမိပါတော့သည်။

~
" ငါလည်း မင်းနဲ့ ပြန်လိုက်မှာ  sehun "

" ဘာ "

" ဒါတော့ မဖြစ်ဘူးလေ  Baek hyun "

ဒီတခါတော့ chanyeolရပ်ကြည့်နေလို့ မရတော့။ မဟုတ်ရင် အကောင်ပေါက်က သူ့ ညီနဲ့  ဘူဆန်ပြန်ပါသွားလိမ့်မည်။

" ဘာလို့ မဖြစ်ရမှာလဲ.. ခင်ဗျားနဲ့  ကျနော့် ပတ်သတ်မှုက အတုအယောင်ပဲ "

" အတုအယောင်က တိုင်းသိပြည်သိ ကွ "

" သိ သိ.. ပြန်မှာ "

" နေခဲ့ပါ အကိုရာ.. အကုန်အဆင်ပြေကာမှ ဘာထ ဖြစ်ချင်တာလဲ?   Park chanyeol shi ကို နည်းနည်းတောင် သံယောဇဉ် မဖြစ်ဘူးလား? "

" ဟို... "

Sehun မေးတဲ့ မေးခွန်းကို  Baek hyun မဖြေနိုင်ခဲ့ ။
သူနဲ့ ပတ်သတ်ပြီး ရင်ထဲဘာဖြစ်နေမှန်းတောင် သေချာ မဆန်းစစ်နိုင်ခဲ့ ။ တချိန်မှာ ဖယ်ခွာပေးရမယ့်ရင်ခွင်ဆိုတာ သိနေတော့ မမှီတွယ်မိအောင်ကြိုးစားတဲ့သဘောလည်း ပါတာပေါ့လေ ။

" မသိဘူး.. ပြန်လိုက်မှာပဲ "..

" ကိုယ့်ကို ဒီအတိုင်း ထားခဲ့ရမှာ စိတ်ချတယ်ပေါ့  Baek hyun.. မင်းထားခဲ့တာနဲ့ ဒီကောင် အကောင်းအတိုင်း ကျန်နေမယ်လို့  မင်းထင်တယ်ပေါ့  "

" အွန်းပေါ့.. ခင်ဗျားက ဘာဖြစ်ကျန်နေချင်လို့ လဲ "

" ငါ့ အသဲ ထွက်ကျသွားလိမ့်မယ်.. တခါမှ အဲ့လောက်မနာကျင်ဖူးလို့  "

" ဖြစ်ရလေ... "

" မင်း ကိုယ့်အနားရောက်လာတယ်ဆိုတာ.. ကိုယ်က မင်းကိုပဲ တိုက်ရိုက်ခေါ်တာလည်း မဟုတ်ဘူး... မင်းကလည်း ကိုယ့်ရင်ခွင်ဆီ တန်းတန်းမတ်မတ်လာတာမဟုတ်ဘူး ။  အဲ့လို လူ၂ယောက် နီးစပ်ဖြစ်ဖို့ ဆိုတာ  ဆွဲငင်အားကြောင့်ပဲ... အချစ်စစ်ရဲ့ဆွဲငင်အားကြောင့် သိလား? "

" ယောက်ဖ တော်တယ်.. အပ်ခဲ့ပြီ ။ ငါ့အကိုကို ဂရုစိုက် ။
အကို  ,  မင်း ကျန်းမာရေးဂရုစိုက်နော် ငါလည်း တရုတ်သွားတော့မှာ "

" ဘာ !.အော်... ဟို တခါ မိတ်ဆက်ပေးတဲ့ ကျောင်နေဖက်ကောင်လေးဆီလား "

" အွန်း "

" ဘာလုပ်  ? "

" ဘာလုပ်ရမလဲ.. ယောက်ဖပြောသလို အချစ်စစ်က ဆွဲငင်လို့ လေ.. ဟား ဟား "

" ငနာလေး.. "

~~
အရာရာက စီစဉ်ခဲ့သလို မဟုတ်ပေမယ့်လည်း
ဆွဲငင်အား တခုကြောင့် အားလုံးက အနေအထား တကျ ရှိနေခဲ့တယ်...
သိတယ်မလား..
အဲ့ဒီ ဆွဲငင်အားကို..........

~~~~~ပြီးပါပြီ ~~~~~

Chanbaek ~~~Only one collection 💜Where stories live. Discover now