" အော်.. ခင်ဗျားက image ကျမှာကြောက်လို့  ကျနော့်ကို အစားထိုး လက်ထပ်တယ် ။ ခင်ဗျားကန်ထုတ်လိုက်တော့ ကျနော်က တခုလပ်ပဲ ဖြစ်သွားမှာပေါ့ ။ အဲ့လောက်ထိ ကိုယ့်ဘာကိုယ်တော့ တန်ဖိုးမမဲ့ခိုင်းနဲ့  park chanyeol.. မကူညီနိုင်ဘူး "
" ကြိုက်သလိုပြော.. အခုက ကိုယ့်အဖေရဲ့ အသက်နဲ့ လည်းဆိုင်တယ်လို့ ပြောလို့ ရတယ်။ သူက ကိုယ်နဲ့ သူ့ ကျေးဇူးရှင်သားနဲ့ ကို အခြေကျသွားတာ မြင်ချင်နေတာ.. အခုအခြေအနေကိုသာ ပြောပြလိုက်ရင် နေရာမှာတင်ခေါက်ခနဲဖြစ်သွားနိုင်တယ် .. ကူညီပါ.. "
~
အဲ့ဒီ အခြေအနေတခုကြောင့်ပဲ byun Baek hyunဟာ park chanyeolရဲ့ လူသိရှင်ကြား တရားဝင်လင်ယောက်ျားဖြစ်လာခဲ့တယ်။
Baekက တော့ ဘယ်လိုအခြေအနေရှိလဲ မသိရပေမယ့် ကျွန်တော်က အဲ့ဒီ အချိန်ကတည်းက သူ့ ဘ၀လေးကို စိတ်ဝင်စားခဲ့တယ် ။ အရာရာချို့ တဲ့ပေမယ့် အလံထူထားတဲ့ မာနတွေကြောင့် byun Baek hyunဆိုတာ ပေပေတေတေ ဖြစ်မနေခဲ့။ အရွယ်နဲ့ မလိုက် လူကြီးပေါက်စလေးလို ။
ထိုလူကြီးပေါက်စလေး ဒေါသထွက်အောင် စ လိုက် ပြန်ချော့လိုက်နဲ့  သူ့  ဘ၀ဟာ သာယာစ ပြုနေသည်။ ထို သာယာမှုမှာ သူကိုယ်တိုင်လည်း တွယ်ငြိနေခဲ့သည်။ ထိုတွယ်ငြိမှုကို အချစ်လို့ ပြောရရင် ကျွန်တော် park chanyeol , byun Baek hyunကို ချစ်နေပါသည်။ ခက်တာက သူ.. သူ့ ဘက်က ကျွန်တော့်အပေါ်အရင်အတိုင်း ဘာတခုမှ မပြောင်းလဲဘူးလား ?
သူ့ ညီလေး sehunက လက်ထပ်တဲ့သတင်းကို ကြားကြားချင်း ဆိုးလ်ကို လိုက်လာပြီဆိုပေမယ့် လက်ထပ်ပြီး ၁၀ရက်ကျော်လာတာတောင် အိမ်မရောက်သေး ။ သူတို့  ဘူဆန်ကို လိုက်သွားတော့လည်း ကလေးတွေခေါ်ပြီး ထွက်သွားပြီဆိုတာကြောင့် အခုလို လိုက်ရှာနေရခြင်းပင် ။ ပုန်းနေတာသေချာတယ်... အဆက်အသွယ်လည်း မရတော့ဘူး ။ ဘယ်သူ့ ကိုပုန်းနေတာလဲတော့ သူလည်း တကယ်မသိတော့ပေ။
~~
" မင်းဘာလို့ ပြန်ထည့်လိုက်ရတာလဲကွာ.. မမက ကလေးတွေအဖေအရင်းဆီ မထည့်ဖို့ အတန်တန်မှာခဲ့တာ သိတယ်မလား ? "
" ဒါပေမယ့်.. မင်းက မင်းမိသားစု နဲ့ မင်းဖြစ်သွားပြီလေ.. ငါ ငါ တယောက်တည်း ကလေးတွေ ပြု စုဖို့ ကျ။
ပြီးတော့ သူ့ အဖေအရင်းကို ငါရှောင်နေသေးတယ်ကွ.. ငါ ပေးဖို့  အရင်ဆုံးဖြတ်တာမဟုတ်ဘူး ။ ငါ ကလေးတွေ မပေးရဖို့  သူတို့ အဖေအရင်းကို ငါပုန်းနေသေးတယ်လို့  .. ငါလည်း ကလေးတွေကို ချစ်တယ်.. မပေးချင်ဘူး ။ ဒါပေမယ့် ငါတတ်နိုင်တာ ဘာမှမရှိတော့ဘူးလေကွာ "
☄Gravity of TRUE LOVE☄
Start from the beginning
