☄Gravity of TRUE LOVE☄

Comenzar desde el principio
                                        

ငါးမြွေထိုး ၂ကောင်ကို တပြိုင်တည်းဖမ်းချင်နေတဲ့ ငါးရံ့ Lee Choi.
  သူ့ ကြောင့် ကြားက ခံရတော့မှာက ငါလား..? 

ညီတယောက်ရယ် အမက ချန်ထားခဲ့တဲ့ တူ၂ယောက်ရယ်နဲ့  ရုန်းကန်နေရတဲ့ဘ၀က  Lee Choi ရဲ့ ပေးကမ်းမှု အနည်းငယ်ကြောင့်သာ အသက်ရှုချောင်ရတာ.. ။ အဲ့ဒီ ကျေးဇူးတွေကိုပဲ အမြဲတစေ လိုက်ဆပ်ရင်း ရောယောင်ပြသနာရတာလည်း ၁ခါ ၂ခါ မကတော့။ ဒါပေမယ့်  ဒါကပဲ  Baek hyunရဲ့ ဘ၀လေ။

" ဒီမှာ ခင်ဗျား ဘယ်လိုဖြစ်... "

" စကားမများနဲ့ ။ ဘယ်ကောင်နဲ့ ပါသွားတာလဲ ?  ကားက ဘာရောင်လဲ "

" ကားက အနီရောင်,  ဘယ်ကောင်လဲ ဆိုတော့ သူ့ ချစ်သူပေါ့ "

" တောက် "

ကျယ်လောင်သော တောက်တချက်ခေါက်ပြီး ကားကို တလမ်းဝင်တလမ်းထွက် တလမန်းကြမ်း ရှာဖွေနေတော့..

" ခင်ဗျားကလည်း မဖြစ်နိုင်တော့တာ မလုပ်နဲ့ လေဗျာ ။ သူတို့ ဘယ်သွားမှန်းမသိဘဲ လျှောက်လိုက်နေရင် ဝေးသထက်ပိုဝေးတဲ့ ဆန့် ကျင်ဘက်ကို ဦးတည်မိရင်ဘယ်လိုလုပ်မလဲ
ပြန်ရမှာလဲ မဟုတ်တော့ဘဲနဲ့   "

" ပြန်ယူမှာမဟုတ်ဘူး.. ပြန်ထိုးထည့်ပေးလိုက်မှာ "

" ဟမ် "

" ငါက မေးတုန်းက လက်ခံပြီး အခုမှ သူများနောက်ပါသွားတာ ငါ့ ဂုဏ် ဘယ်လောက်ထိခိုက်မလဲ  ?
park chanyeolသတို့ သားက လက်ထပ်ခါနီးမှ သူများနဲ့ လိုက်ပြေးတယ်ဆိုပြီး .. ငါ့ imageက အလိုလို မြောင်းထဲရောက်သွားရမှာ..  အဲ့လက်ထပ်ပွဲမှာ သူရှိကို ရှိနေရမယ် ။ ပြီးသွားရင်တော့ သူ ဆက်နေချင်ရင်တောင် ငါက sorryပဲ "

ကားက ခုနကတည်းက လမ်းဘေးချရပ်ထားတာမို့  
Park chanyeolက သူ့ ဘက်တည့်တည့်လှည့်လိုက်ကာ

" မင်းကူညီမှ ဖြစ်မယ် "

" ဘာ! .. ဘာကိုလဲ ? "

" လက်ထပ်ပွဲမှာ သူ့ အစား ကိုယ့်ဘေးမှာရှိနေပေးပါ.. "

" ကျနော်က  Lee Choi မှ မဟုတ်တာ "

" ကိုယ်တို့ က ဖိတ်စာဝေထားတာ မဟုတ်ဘူး ။  ပွဲလုပ်မှာ အသိနည်းနည်းလေးနဲ့ ပဲ။ ဒါပေမယ့် ကိုယ်က no. 1 business man ဆိုတော့  မီဒီယာ တွေတော့ လာမှပေါ့.. မင်း မနစ်နာစေရပါဘူး "

Chanbaek ~~~Only one collection 💜Donde viven las historias. Descúbrelo ahora