" ခင်ဗျားညီ မှ မဟုတ်တာ... ပြီးတော့ "
" ဆက်မပြောနဲ့  Baek hyun. မင်းညီ က ငါ့ညီပါပဲလို့ မပြောဘူး။ မင့်ညီ မလို့  ငါ့ညီ ရှိရင်တောင် သူ့ ထက်ပို အလေးပေးလိုက်မယ်။ ငါလည်း ကိုယ့်ယောက်ဖနဲ့ ကိုယ့်တူတွေကို စိတ်ပူတာပါပဲ.. ဒါပေမယ့် သူက ပုန်းနေတဲ့သူလေ ။ စိတ်အေးအေးနဲ့ ရှာမှ ရမှာပဲ မဟုတ်လား "
တော်တော် စေတနာစော်ကားတဲ့ အကောင်ပေါက်လေး။ အရင်စိတ်နဲ့ သာဆို...
" တောင်းပန်ပါတယ်.. ကလေးတွေ စိတ်နဲ့ ကျနော် လောသွားတယ် ။ ရှာပေးပါဦးနော်.. အခုတော့ ရေအရင်ချိုးမလား.. ထမင်းအရင်ပဲ စားမလား "
" ငြီးစီစီဖြစ်နေတယ်ကွာ.. ရေအရင်ချိုးမယ်။ ကိုယ့် ယောက်ျားလေးက ဟင်းနွှေးထားလိုက် ဟုတ်ပြီလား "
" ခင်ဗျားနော်.. သွားဗျာ ရေချိုးချေ "
ရှက်ကိုးရှက်ကန်းနဲ့ မီးဖိုခန်းထဲဝင်သွားသော Baek hyunကျောပြင်ကိုကြည့်ပြီး လွန်ခဲ့သော ၁၂ရက်ဆီ စိတ်က အလည်ရောက်သွားရလေသည်။
~
" မင်းက Lee Choi လား? "
" ဟို.. မဟုတ် မဟုတ်ပါဘူး ။ သူ့ သူငယ်ချင်းပါ "
" ဘာ.. ! အာ့ဆို သူကရော ? "
" ကျွတ်.. ဟိုလေဗျာ.. ပါသွားပြီ "
" ဘာ! "
Chanyeol ဒုတိယတခါ ဘာ ရပြန်ပါပြီ ဘယ့်နှယ့် အရှေ့ က အကောင်ပေါက်က စကားကို ပြတ်တိပြတ်တောင်း နားမလည်အောင်ပြောနေတော့တာပဲ။
Lee Choi ဆိုတာ သူနဲ့ လက်ထပ်ဖို့ မိဘချင်းသဘောတူထားတဲ့ ကောင်လေး။
သူ့ မိဘကို ကိုယ့်မိဘက ကျေးဇူးကြွေးရှိနေတော့ အစစ အရာရာ ကိုယ့်ဘက်က ခံဘက် ။ လက်ထပ်ဖို့  ကမ်းလှမ်းပြီး သဘောတူတော့ ဆိုးလ်မှာ အစစ အရာရာ စီစဉ်ပြီးလို့  ဘူဆန်ထိသူ့ ကို လာခေါ်တာ ။အခုက ဘယ်ကိုပါသွားတာလဲ ?
" လာခဲ့ "
" အ.."
Baek hyunလက်ကိုဆွဲပြီး
သူ့ ကားဆီသွားပုံက အလျင်စလို..
ကားပေါ်ကို ပစ်စလက်ခတ်တွန်းတင်ပြီး ကားမောင်းထွက်လာသည်။ အခု Baek hyun ဆွဲခေါ်ခံရတဲ့ ပုံစံက Lee Choi လူ့ သူကြီးလက်ထဲပါသွားပုံထက် အများကြီးပို ကြမ်းတမ်းသည်။
☄Gravity of TRUE LOVE☄
Start from the beginning
