ဟုတ်တယ်ငယ် ဒီလူကငယ့်အပိုင်ပါ...

"မင်းဘယ်လိုဖြစ်စေချင်သလဲ ငယ်..."

"အဲ့တာကိုကျွန်တော်ကဆုံးဖြတ်ရမှာလား Mr.Byun...သက်ဆိုင်သူက ခင်ဗျားပါ..hk"

ဆုံးဖြတ်ခိုင်းတာမဟုတ်ဘူးငယ်... အမိန့်ပေးစေလိုတာပါ...
ငယ့်စကားတစ်ခွန်းကို အသက်ထက်မြတ်နိုးတဲ့ ဒီလူကိုအမိန့်ပေးခိုင်းနေတာပါ...

"ကျွန်..ကျွန်တော်မကြိုက်ဘူး.."

"ငယ်.. "

"အဲ့အမျိုးသမီးကို လက်မထပ်ပါနဲ့ Mr.Byun...."

Mr.Byun ရဲ့ ရေခဲရိုက်မျက်နှာထားမှ နှုတ်ခမ်းပါးဟာ မဆိုသလောက်လေး တွန့်ကွေးသွားသယောင်ပင်...

မိမိစိတ်လှုပ်ရှားနေမှုကြောင့် ဘာမှပင်မပြောနိုင်လေရာ...
Mr.Byun ရဲ့ အသံတိုးတိုး ထွက်လာသည်အထိ...

"မင်းသဘောအတိုင်း ကိုယ်လုပ်ပါ့မယ်ငယ်..."

******************************

"ဒါဆို ဒီညအဲ့ကောင်လေးအခန်းမှာ အိပ်တာပေါ့ဟုတ်လား?"

လူသုံးယောက်ရှိသော ထမင်းစားဝိုင်းရဲ့ အလည် ထွက်ပေါ်လာသော ထိုမိန်းမရဲ့အသံ...

Chan သူမနဲ့ ထမင်းအတူစားချင်စိတ် တစ်စက်ကလေးမှ မရှိသည်မှာမှန်သော်လဲ သူမကအတင်းလုပ်ယူဝင်စားသည်မို့ ဘာမှမပြောတန်ရာ...

Mr.Byun ရဲ့ ဖြေရှင်းချက်နဲ့ အပြုအမူတွေကိုလဲ သူမြင်ချင်လှသည်...

သို့သော် Mr.Byun အမူအရာက ဘာမှပင်ပြောင်းလဲမနေသည့်အလား ရေခဲရိုက်မျက်နှာထား... ပုံမှန်ပြုမူနေကြအတိုင်း စက်ရုပ်တစ်ရုပ်လိုတစ်သမတ်ထဲလှုပ်ရှားမှု ပြုနေကာ မည်သို့မှအမူအရာမပြ...

"အင်း"

သူမစိတ်ပျက်သွားဟန် နှာခေါင်းကိုရှုံ့လာသည်....

"Light ကတော့ ရှားတယ်... မစားရအညှော်ခံ ကိုယ်ချစ်တဲ့လူတစ်ယောက်လုံးကို လက်ထပ်ပြီးတာတောင် အလှကြည့်နေရတဲ့ဘဝ...ကျွတ်စ်"

နှုတ်ခမ်းထော်ကာ ပွစိပွစိပြောရင်း အလိုမကျဟန်ပြုမူနေတဲ့သူမ...

Chan မျက်ဝန်းများက Mr.Byun ထံ မဝံ့မရဲလေးခိုးကြည့်မိသည်...

Mr.Byun မျက်နှာက ရေခဲရိုက် အေးစက်စက်အတိုင်းပင်... ဘာမှတုန့်ပြန်ခြင်းမရှိ...

Mr.Byun...Onde histórias criam vida. Descubra agora