6(part-2)
310 48 11
ရုတ်​တရက်​ အနမ်းခံလိုက်​ရတာ​ကြောင့်​ Jihoon လန့်​သွားကာ ​တောင့်​​တောင့်​ကြီးဖြစ်​​နေတယ်​...
     လက်​​မောင်းကို ဆွဲကိုင်​ကာ နှုတ်​ခမ်းတို့အား နမ်းရိုက်​​နေတဲ့ Kuanlinကို မျက်​လုံးပြူးနဲ့ ​ကြောင်​ကြည့်​​နေမိရင်းမှ အသိဝင်​လာကာ တွန်းထုတ်​လိုက်​တယ်​...
"မင်း...မင်း ရူးသွားပြီလား?"
     တုန်​ရီ​နေတဲ့ အသံနဲ့ ​ပြော​လာတဲ့ JiHoonကို Kuanlinက ပြုံးကာ ကြည့်​လိုက်​ပြီး ​ဖြေလိုက်​တယ်
"ဟုတ်​တယ်​....ငါရူးသွားပြီ..
မင်း​ကြောင့်​​လေ...!"
"ဟား....​စောက်​ရူး​ကောင်
ယောကျာ်းအချင်းချင်း လာကြိုက်​​နေတယ်​..."
     JiHoonက သူ့ရဲ့ နှုတ်​ခမ်းကို အင်္ကျီလက်​နားစနဲ့ ပွတ်​ဆွဲသုတ်​ရင်း ​ပြောလာတာ​ကြောင့်​ Kuanlinက ခပ်​​အေး​အေး ပြုံးပြရင်း....
"​ယောကျာ်းအချင်းချင်း မကြိုက်​ရဘူးဆိုတဲ့
ဥပ​ဒေရှိသလား?...မင်းဘက်​က မကြိုက်​လဲ..
ငါက​တော့ ကြိုက်​​နေမှာပဲ"
     Kuanlinက ခပ်​တည်​တည်​ ​ပြောလိုက်​ပြီး
စားပွဲ​ပေါ်က လွယ်​အိတ်​ကို ​ကောက်​လွယ်​ကာ စာကြည့်​တိုက်​ထဲက ထွက်​သွားတယ်​...
      JiHoonမှာ​တော့ ရှက်​လည်းရှက်​ကာ ​ဒေါသထွက်​ထွက်​ဖြင့်​ Kuanlinအား နည်းမျိုးစုံဖြင့်​ ကျိန်​ဆဲလျက်​​ဖြင့်​ စာကြည့်​တိုက်​ထဲမှ ခပ်​သွက်​သွက်​ ထွက်​လာခဲ့​တော့တယ်​...
နောက်​တစ်​​နေ့မနက်​...
ဒီ​နေ့ ​ကျောင်းပိတ်​ရက်​မို့ JiHoonတစ်​​ယောက်​ ​​စော​စောထကာ ​လေ့ကျင့်​ခန်းလုပ်​ဖို့အတွက်​ အိမ်​​အောက်​ထပ်​ကို ဆင်းလာခဲ့တယ်​..
"JiHoon...အတူတူသွားကြမယ်​"
     အိမ်​​ရှေ့မှာ ဖိနပ်​စီး​နေတုန်း အနား​ရောက်​လာတဲ့ WooJin​ကြောင့်​ JiHoonလှည့်​ကြည့်​လိုက်​ရင်း နှာ​ခေါင်းရှုံ့မိတယ်​..
"အဲ့အဝတ်​အစားနဲ့ လိုက်​မှာဆိုရင်​​တော့...
လက်​မခံနိုင်​ဘူး​နော်​...."
"ဘာ...ငါ့အဝတ်​အစားက ဘာဖြစ်​​နေလို့လဲ?"
       WooJinက သူ့ကိုယ်​​ပေါ်က ဘရုစ်​လီအင်္ကျီဝမ်းဆက်​အား ကိုင်​ကြည့်​ရင်း ​ပြော​နေတုန်း JiHoonက ​ပြေးထွက်​သွားတာ​ကြောင့်​ အ​နောက်​က​နေ အသည်းအသန်​ ​ပြေးလိုက်​ရပြန်​တယ်​...
"​သောက်​​ကောင်​​လေး...
အကိုကို...မ​လေးမစားနဲ့...
အတူသွားမယ်​ကွ...!"
       JiHoonနဲ့ WooJinတို့ အ​ပြေးပြိုင်​ကြရင်း
ရပ်​ကွပ်​ထိပ်​နားက ပန်းခြံဆီ ​ရောက်​လာကြတယ်​...
      သူတို့လည်း ပန်းခြံအတွင်းက ခုံမှာ ဝင်​ထိုင်​လိုက်ကာ အ​မော​ဖြေ​နေလိုက်​တယ်​...
"ငါ့ညီ​လေး...
မ​နေ့က Kuanlinနဲ့ အတူပြန်​ဖြစ်​တာလား?"
    WooJin​မေးလိုက်​တဲ့ စကား​ကြောင့်​ JiHoonမှာ ပါး​လေး​တွေပင်​နီရဲမတတ်​ဖြစ်​သွားတယ်
"မ...မပြန်​ဖြစ်​ပါဘူး..
မင်း..မင်းတို့ သက်​သက်​မဲ့ ငါတို့အတူပြန်​ဖြစ်​​အောင်
ဂွင်​ဆင်​တာလား?"
"ဟား..ဟား...
ဟုတ်​တယ်​​ဟေ့...
စာဂျပိုးနှစ်​​ကောင်​ကို တည့်​သွား​အောင်​လို့ပါ.."
      WooJinမှာ တစ်​ဟားဟား​အော်​ရယ်​​နေ​ပေမယ့်​ JiHoonခမျာ မ​နေ့က ဖြစ်​ရပ်​​ကြောင့်​ ​ဒေါသထွက်​သလို မျက်​နှာပူသလိုလို ရှက်​သလိုလိုဖြစ်​နေရှာတယ်​..
"JiHoon...မင်းပါး​တွေ ရဲ​နေပါလားကွ...
အ​ကောင်​ကိုက်​သွားတာလား?"
"ဘယ်​အ​ကောင်​က လာကိုက်​ရမှာလဲ?
ရူး​နေလား?"
"ဟား..စတာပါကွာ..."
      WooJinနဲ့ JiHoonစကားများ​နေတုန်း basketballပုတ်​ကာ အနား​ရောက်​လာသူက​တော့.....Kuanlinဖြစ်​​နေတာ​ကြောင့်​ JiHoonတစ်​ကိုယ်​လုံး ​အေးခဲမတတ်​ဖြစ်​သွားရတယ်​...
"Hello...
JiHoonနဲ့...WooJin"
Update😘😘
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Update😘😘
COIN Where stories live. Discover now