3
213 45 8
"Lai Kuan Lin...ကြိုးစားထား
Lai Kuan Lin.....yayy......"
      ဒီ​နေ့က အခြား​ကျောင်းနဲ့ သူတို့​ကျောင်းရဲ့ basketbalkပြိုင်​ပွဲ​ပေါ့...
      အဲ့တာ​ကြောင့်​ ​ကျောင်းကမိန်းက​လေးအုပ်​စုရဲ့ အသံဟာ ကွင်းတစ်​ကွင်းလုံးကို ဖုံးလွှမ်း​နေ​တော့တယ်​...
       JiHoonလည်း စိတ်​မပါစွာနဲ့ ထိုပွဲကို ထိုင်​ကြည့်​​နေရတယ်​....
       ယခုကစားပွဲအ​ခြေအ​နေက သူတို့​ကျောင်းက အမှတ်​ပိုသာ​နေတယ်​....
       နိုင်​မယ်​ဆိုတာ အသိသာကြီး...
JiHoonလည်း ကစားပွဲထဲက KuanLinကို လိုက်​ကြည့်​​နေရင်း ​တွေးမိတယ်​...
      ဒီတရုတ်​​ကောင်​ဟာ ဘာလို့များ သူ့ထက်​သာ​နေရသလဲဆိုတာကို​ပေါ့.....
"ကျစ်​....မုန်းလိုက်​တာ"
         မထင်​မှတ်​ဘဲ သူပါးစပ်​က​နေ ​ရေရွတ်​လိုက်​မိတယ်​...
         အဲ့အချိန်​ KuanLinက တစ်​ဂိုးထပ်​သွင်း လိုက်​ပြန်​ပြီ....
        ပြီး​တော့ သူရှိ​နေတဲ့ ဘက်​ကို လှည့်​ကြည့်​ပြီး လှမ်းပြုံးပြ​နေတယ်​...
       JiHoonလည်း သူ့ကို ပြုံးပြ​နေမှန်း သတိထားမိတယ်​...
"ဘယ်​လို​ကောင်​လဲ...အရူးလား"
     JiHoonလည်း မရည်​ရွယ်​ဘဲ ထိုစကားက ပါးစပ်​က​နေ ထပ်​ထွက်​သွားတယ်​...
"JiHoon....ဘာ​တွေ​ပြော​နေတာလဲ"
"ဘာမှမ​ပြောဘူး"
       ပွဲပြီးသွား​တော့ KuanLinတို့ အသင်းက အနိုင်​ရသွားတယ်​...
      သူငယ်​ချင်းအုပ်​စုနှစ်​စုက ကစားသမား​တွေ နား​နေခန်းဆီ လိုက်​သွားကြတယ်​...
     JiHoonလည်း အပါအဝင်​​ပေါ့...
"Hey...bro ဂိုးသွင်းတာ အရမ်းကြည့်​​ကောင်း​တယ်​"
        Jinyoungက Kuanlinရဲ့ ပုခုံး​ပေါ် လက်​တင်​ရင်း ​ပြောလိုက်​​တော့ Kuanlinက သွား​သေး​သေး​လေး​တွေ ​ပေါ်တဲ့အထိ ရယ်​ပြတယ်​...
     JiHoonက​တော့ ​နောက်​ဆုံးမှာ မတ်​တပ်​ရပ်​ပြီး နှုတ်​ခမ်းဆူကာ ကြည့်​​နေတယ်​..
"ငါတို့​တွေ အကုန်​လုံး pizzaသွားစားကြရ​အောင်​"
      SungWoonက အသံဆူဆူ​လေး ထွက်​လာ​တော့ Kuanlinလည်း lockerထဲက လွယ်​အိတ်​ကို ယူကာ ​​ကျောင်းထဲက​နေ ထွက်​လာခဲ့ကြတယ်​....
Pizzaဆိုင်​မှာ...
      သူတို့ အုပ်​စုက လူများတာ​ကြောင့်​ ဆိုင်​ရှင်​က စားပွဲနှစ်​လုံးကို ဆက်​​ပေးထားရတယ်​...
      သူတို့ရှစ်​​ယောက်​ဟာ စားပွဲရဲ့ တစ်​ဖက်​ဆီမှာ မျက်​နှာချင်းဆိုင်​ ထိုင်​​နေကြတယ်​...
WooJinက​တော့ သူ့​ရှေ့က SungWoonကို ပြုံးတုံ့တုံ့နဲ့ ကြည့်​​နေသလို DaeHwiကလည်း သူ့​ရှေ့က JinYoungကို ပြုံးပြုံးကြီး ကြည့်​​နေတယ်​....
     Minhyunနဲ့ JaeHwanက​တော့ Pizzaမှာဖို့သာ အာရုံရှိပြီး Park JiHoonက​တော့ မျက်​လုံးစိမ်းကြီးနဲ့ KuanLinကို ကြည့်​​နေတယ်​...
"ဘာကြည့်​​နေတာလဲ
ငါအရမ်း ​ချော​နေလို့လား?"
      Kuanlinစကား​ကြောင့်​ JiHoonက မျက်​​စောင်း ပိတ်​ထိုးရင်း ပြန်​​ဖြေတယ်​...
"Taipeiပြန်​ပြီး သွား​သေလိုက်​!!"
"Hk...ချစ်​စရာ​လေး"
"ဘာ​ပြောတယ်​...?!!"
"Arr....samnamjaလို့ ​ပြောတာပါ"
        'ချစ်​စရာ​လေး'ဟု အ​ပြောခံရလျှင်​ JiHoon စိတ်​ဆိုးတတ်​မှန်း သိရက်​နဲ့ စဖြစ်​​အောင်​ စလိုက်​တဲ့
Kuanlin​ရယ်​ပါ....
အရမ်းတိုသွားတယ်​>-<
Miyan....!!
နောက်​တစ်​ပိုင်းကျ
အရှည်​ကြီး ​ရေး​ပေးပါ့မယ်​☜(ˆ▽ˆ)
COIN Where stories live. Discover now