6(part-1)

266 53 15
                                    


စာကြည့်​တိုက်​​ရောက်​​တော့...

JiHoonက သချာင်္​​တွေတွက်​လိုက်

Grammar​တွေကျက်​လိုက်​နဲ့

အလုပ်​ရှုပ်​​နေပြီး

Kuanlinက​တော့
ကိုရီးယားဘာသာစာအုပ်​ကြီးကိုင်​လျက်​...
ရေးလိုက်​ကျက်​လိုက်​လုပ်​​နေတယ်​...

တစ်​ချက်​တစ်​ချက်​လည်း
JiHoonကို ခိုးကြည့်​ရ​တာအ​မော...

"Park JiHoon...!!"

"ဘာလဲဟာ...စာတွက်​လို့မရလို့ စိတ်​ညစ်​​နေရတဲ့ကြားထဲ"

      စာလုပ်​ရင်း ပျင်းလာသဖြင့်​ Kuanlinက JiHoonကို ​ခေါ်လိုက်​မိ​တော့ ပြန်​ကြားရလိုက်​သည်​က ခပ်​စူးစူး​အော်​သံ....

"ဘယ်​အပုဒ်​ တွက်​မရတာလဲ...
ငါ့​ပြော...?"

"ဟင်း...
ဘာလဲ...ငါစာတွက်​မရဘူးဆိုတာကို
အခွင့်​​ကောင်းယူပြီ လူတတ်​ကြီး လုပ်​ချင်​​နေတယ်​​ပေါ့​လေ"

"အာ.....
မဟုတ်​ရပါဘူးကွာ...
ငါက သ​ဘောရိုးနဲ့ပါကွ..."

"ဘာ...ဟား..ဟား
မင်းရဲ့ စိတ်​ကို ငါမြင်​​နေရတာမှ မဟုတ်​တာ..
မရှင်းပြနဲ့...သွား..သွား"

     လက်​တစ်​ခါခါနဲ့ ​ပြော​နေတဲ့ JiHoon​ကြောင့်​ Kuanlin စိတ်​မရှည်​စွာ ထိုလက်​​လေးကို ဆွဲကိုင်​ရင်း ​ပြောလိုက်​တယ်​...

"မင်းနားမလည်​တဲ့စာတစ်​ပုဒ်​ကို
ရှင်းပြယုံသက်​သက်​ပဲ...
ကျန်​တာ ဘာသ​ဘောမှမပါဘူး...ok"

"အဟင်း...ဟုတ်​ပါပြီ...
လက်​...လက်​..လွှတ်​​ပေး​တော့"

      ခပ်​တည်​တည်​နဲ့ မျက်​လုံးချင်းဆုံ​အောင်​ ကြည့်​ပြီး ​ပြောလာတဲ့ Kuanlin​ကြောင့်​ JiHoon နည်းနည်း ရှိန်​သွားပြီး Kuanlinရဲ့ လက်​ထဲက သူ့လက်​ကို ရုန်းလိုက်​တယ်​...

       ပြီး​တော့...စာအုပ်​​လေးကို ချပြပြီး သူမရတဲ့ စာအပုဒ်​ကို လက်​ညိုးနဲ့ထိုးပြပြီး Kuanlinကို မျက်​လုံးလှန်​ကြည့်​​နေတယ်​...

"​ကောင်းပြီ....
ဒီအခန်းမှာ equationက...
........bla..bla..bla.."

"နားလည်​လား?..."

COIN Where stories live. Discover now