All My Love is For U ..

Start from the beginning
                                    


" ကို ​လေး .. "

ဂျုံ အင့်​ ကို ​ခေါင်း​စောင်းကြည့်​လာသည့်​ ဆယ်​ ဟွန်း
ပါးပြင်​နှင့်​ လည်​ပင်းသား​ဖွေး​ဖွေးက အစိုးမရချင်​​သော
စိတ်​အဖုံဖုံကို ရုန်းထ​စေ​နေ​​သော်​လည်း ​တည်​ငြိမ်​မှု
အပြည့်​အဝရှိ​​နေသည့်​ သ​ကောင့်​သား​၏ အသက်​ရှူ သံ
သဲ့သဲ့​ကြောင့်​ ဂျုံ အင့်​ မှာ အကြမ်းအရမ်း ထင်​တိုင်း
မကြဲရဲ ။

ဆပ်​ပြာနံ့သင်းသင်းနှင့်​ ကိုယ်​ရနံ့ ကိုသာ အကြိမ်​ကြိမ်
ရှူ ရှိုက်​ရင်း အလွမ်းထုထည်​အား တစ်​လွှာချင်း
ဖဲ့ချရ၏ ။

" ချစ်​တယ်​ ​ဆယ်​ ဟွန်း ။ မင်း ပြန်​ချစ်​ဖို့ စိတ်​ကူးမရှိရင်
ငါ့ဘက်​ကဘဲ ချစ်​မယ်​ ။ ဒါ​ပေမဲ့ အနားမှာ​တော့
နေ​ပေး​လေကွာ ။ ငါ့အတွက်​ မင်းကိုကြည့်​​နေရရင်
ကျေနပ်​တယ်​ "

" ​လောကြီးလိုက်​တာ ကို ​လေး ရာ ..
မင်း ငါ့ကိုဘဲ ​ခေါင်းထဲမထည့်​ဘဲ မိန်းက​လေး​တွေနဲ့
တွဲကြည့်​ပါဦး "

စက္ကန့်​စာမျှ မျက်​နှာလွှဲထားခဲ့​သော ကွန်​ပျူ တာထံ
ပြန်​အကြည့်​​ရောက်​သွားပြီး ဂျုံ အင်​ ၏ ဖွင့်​​ပြောချက်​အား
သူနှင့်​မဆိုင်​သလို ရည်းစားထားရန်​​တောင်
ပြန်​အကြံပြုလာ​သေး ။

" တကယ်​ မင်း ငါ့ ကို မချစ်​ ဘူးလား "

" အင်း "

" အို ဆယ်​ ဟွန်း .. မင်း .. "

စို့တက်​လာ​သောဝမ်းနည်းစိတ်​က ဘာစကားမှ
ပြန်​​ပြောမထွက်​နိုင်​​အောင်​ ရင်​နာ​စေ၏ ။

လွယ်​လွယ်​ကူကူ ချစ်​ခဲ့တာမဟုတ်​သလို
ကာလတို ကြိုက်​ခဲ့တာမျိုးလည်း မဟုတ်​​သော​ကြောင့်
ဂျုံ အင်​ ၏ အချစ်​ပမာဏက ဆယ်​ ဟွန်း ထင်​ထားသလို
ရည်းစားထည်​လဲတွဲပြီး ​မေ့ပစ်​နိုင်​မည့်​အ​ပေါ်ယံမျိုး
မဟုတ်​ပါ ။

ထိုအ​ကြောင်းကို ..
ဂဂဏဏ ရှင်းပြချင်​​သော်​လည်း အချစ်​နှင့်​မသက်​ဆိုင်
သည့်​ ​စောက်​မြင်​ကပ်​မှု​ကြောင့်​ မာန အထိခံပြီးလည်း
ထပ်​​အောက်​ကျမခံချင်​​တော့ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now