ပိုင်စီး အတွေးထဲ စိတ်ကူးယဉ်နေသည်မှာ နှလုံးက ဒိတ်ဒိတ်ဒိတ်ဒိတ်ခုန်လျက် ရင်ဝယ်လှုပ်ရှားနေသည်။ စိတ်အားထက်သန်လွန်း၍ တကယ်ဖြစ်နေသလား ထင်မှတ်ရအောင် စိတ်ကူးများသည် သက်ဝင်ပီပြင်ရုပ်လုံးကြွလှသည်။

အခန်းရှေ့ ဝယ် Downခါးကို ကိုင်မြှောက်လျက် မတွေ့ရတာကြာသော Downမျက်နှာ၏ အစိတ်အပိုင်း အင်္ဂါတစ်ခုချင်းစီအား သူမက်မက်မောမော မြတ်နိုးလို့မ၀ မော့ငေးကြည့်နေသည် ..........

ကျောနောက်ပါးမှ တံခါးဖွင့်သံက လေဟာနယ်ထဲရောက်နေသော သူ့ကို လက်တွေ့ကမ္ဘာထဲ ဗုန်းခနဲ ဆွဲချလိုက်သည်။

ပိုင်စီး မိန့်မိန့်ကြီးပြုံးလျက် အနောက် လှည့်ကြည့်လိုက်သည်။

တံခါးကြားဝယ် ပြူထွက်နေသော ခေါင်းက မျှော်လင့်သောသူမဟုတ်ပါ။

ဖြီးနေသော ပိုင်စီးသွားတန်းသည် တည်တန့်စေ့ပိတ်သွားသော နှုတ်ခမ်းထိစပ်မှု့ တွင် ကွယ်ပျောက်သွားသည်။

"ဟို ... ဘယ်သူပါလဲရှင့်"

ရေချိုးခန်းမှ ရုတ်ချည်းထွက်လာရသော မိန်းမငယ်လေးက ကိုယ်ကို အပြင်မထုတ်၊ ခေါင်းလေးပဲ ပြူထုတ်လျက်။ သူမ၏ဆံပင်ရေစိုကို ပ၀ါနှင့် အုပ်ပေါင်းထားသည်။ ပိုင်စီးအတန်ကြာ အံ့ငေးနေရာမှ အသိဝင်သည်။

ယောက်ျားတင်မဟုတ်တော့ဘူး အခုမိန်းမတွေကိုပါ ခေါ်နေပြီလား ....

ကြည်နူးနေသည့်စိတ်အစဉ်မှာ အစဖမ်းလို့မရအောင် လွင့်ပါးသွားသည်။ ဒေါသထွက်ထွက်နှင့်

"အထဲမှာ သူရှိလား"

ဆောင့်ဆောင့်အောင့်အောင့် အသံထွက်သွားသည်။

အခန်းထဲဝင် ၀ုန်းဒိုင်းကြဲသောင်းကျန်းချင်လှသော်လည်း မိန်းမငယ်၏ ပုန်းကွယ်နေသော ကိုယ်ခန္ဓာကြောင့် ပိုင်စီးချက်ချင်း ၀င်ဖို့ မရဲပါ။ luggageအပေါ် ခွထိုင်လျက်ကာ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

မိန်းမငယ်က ချက်ချင်းအဖြေမပေးနိုင်။ မျက်မှောင်လေးကြုတ်ကုတ်လျက် စဉ်းစားဟန်ပြုသည်။  ပြီးမှ ..

"အခန်းမှားနေတယ်ထင်တယ်၊ ဒီမှာ ကျွန်မတစ်ယောက်တည်း နေတာပါ"

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now