"Piggy မင်းဘာလုပ်မလို့လဲ"

တောင်ပေါ် ရှိ အပင်တစ်ပင်၏ပင်စည်မှာ ဆွေးမြေ့ မြေ့ ကြိုးစကို ချည်ရင်း အလုပ်ရှုပ်နေလျက်က အခုမှ တောင်ကမူ ပေါ် အမောဆို့ ရောက်လာသော ပိုင်စီးကိုလှည့်ကြည့်လာသည်။ ရှိသမျှ သွား အကုန်ဖြဲရယ်ပြပြီး

"ဈေးထဲက ဦးလေးကြီး မှာလိုက်တဲ့ ပန်းပုံစံနဲ့ တော်တော် ကိုက်ညီတဲ့ ပန်းကို ရှာတွေ့လို့လေ၊ ဟိုဘက်က အပင်ထိပ်မှာ ပေါက်နေတဲ့ ပန်းအုံကြီးပဲ၊ ဈေးကောင်းပေးမယ်လို့ ပြောပြီး ရှာခိုင်းနေတာ အခုမှတွေ့တယ်"

အားတတ်သရော ပြောနေသည်။ ပိုင်စီးမျက်လုံးပြူး ထိတ်အံ့သွားသည်။

Piggyလက်ညှိုးထိုး ညွှန်ပြနေသည့်နေရာက ချောက်ထဲမှာ ပေါက်နေသော မြင့်မားသည့်ပင်စည်ရှည်၏ သစ်ပင်ထိပ်ဖျားက ပန်းအုံကြီး။

Piggyနှင့် ပိုင်စီး ခြေလှမ်းသုံးဆယ် အကွာလောက်မှာ ရှိနေသည်။ သူတို့နှစ်ယောက်ရှိရာ တောင်ထိပ်နှင့် Piggy လက်ညှိုးညွှန်ပြရာ ချောက်ထဲမှာ ပေါက်နေသော ထိုအပင်က အတန်ငယ်လှမ်းသည်။ Piggyက တောင်ထိပ်အစွန်မှာ ရပ်နေတာ။

 တောင်ပေါ်က အပင်မှာ ခိုင်ခိုင်မြဲမြဲ ချည်ထားသော ကြိုးစကို ကိုင်၊ ကမ်းပါးစွန်းမှနေ၍ တစ်ဖက် ချောက်ထဲရှိ အပင်အဖျားမှာ အုံခဲနေသော ပန်းအုံကြီးကို ဒုတ်နဲ့လှမ်းချိတ်ပြီး ဆွဲယူမည့်အကြံ။ တောင်နှင့်အပင် အောက်မှာ ချောက်။

အခန့်မသင့် ဟန်ချက်မထိန်းနိုင် ကိုင်ထားသော ကြိုးစလွတ်လျှင် အရှိန်လွန်ပြီး ချောက်ထဲ ပြုတ်ကျမည်မှာ အန္တရာယ်။

"Piggy အန္တရာယ်များတယ်၊ အခြားပန်းခူး"

နားမ၀င်ပါ။ အနား ပြေးသွားပြီး Piggyကို ပခုံးထက်ထမ်း ဖမ်းခေါ်လာချင်သော်လည်း ပိုင်စီးက လောလောလတ်လတ် တောင်တက်လာရ၍ အမောဖောက်နေသည်။

ခြိမ်းခြောက်စကားနဲ့ မာန်မဲပြီးဖြစ်ဖြစ် ထပ်မံ လှမ်းအော်ရန်မှာ ဒူးချောင်မောဟိုက်ပြီး ကတုန်ကယင်ဖြစ်နေသောကြောင့် လည်ချောင်းထဲက အသံမထွက်။ ဟောဟဲလိုက်၍ လျှာတစ်လစ်ထွက်ကာ ဒူးနှစ်ဖက်ကိုင် ခါးကုန်းရင်း အမောဖြေနေသည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now