" မင်း နဲ့ ဂျုံ အင် နဲ့က သူငယ်ချင်း ..
မြဲမြဲမှတ်ထား မင်း လုံးဝ ဂျုံ အင် ကို ချစ်လို့မရဘူး ..
ကြားလား အို ဆယ် ဟွန်း "" ဟုတ် .. ဟုတ်ကဲ့ မားမား "
အပြုံးနုနုနှင့် လေပြေလေးသွေးပြီး ဆယ် နှစ် သား
အရွယ်ကတည်းက မားမားရိုက်သွင်းပေးထားတဲ့
အတွေး ။ထိုအချိန်ကစ၍ ကျတော်ဟာ မားမား၏တားမြစ်ချက်ကို
ကျော်လွန်၍ မောင့် အား ပိုခင်တွယ်လာခဲ့သည် ။ဂျုံ အင့် ဆီက သဲငယ်အခေါ်ခံရဖို့
ကျတော် ဂျုံ အင် အား မောင် ခေါ်ဖို့
သို့တည်းမဟုတ် မောင်သဘောကျတဲ့ ဆံပင်အရှည်ထားဖို့ဂျုံ အင် နှင့်ပတ်သတ်ပြီး ကျတော် နဲ့ မားမား ခဏခဏ
ပြသာနာတက်ဖူး၏ ။လက်ရှိလည်း မားမားကို အာခံကာ တစ်ဖက်သတ်အချစ်
နှင့် ဂျုံ အင့် အပေါ် အချစ်တိုးနေဆဲ ။" သဲ ငယ် .. ဆိုင် ကယ် ပြန် စီးနေတာလား "
ကျောင်းဂိတ်ဝတွင် ကျတော်မလာမချင်း စိတ်ရှည်ရှည်
စောင့်ပေးတက်သည့် မောင့် ကို တစ်ချက်တောင်
ပြန်မကြည့်ဘဲ ကျောင်းဝင်းထဲသာ တစ်ခါတည်း
မောင်းဝင်သွားတော့ ခပ်သဲ့သဲ့ ကျန်ရစ်ခဲ့သော
စကားလုံး ဝိုးတိုးဝါးတားများက မသဲကွဲသော်ငြား
မနေ့ကကိစ္စကို စိတ်ဆိုးနေသေးတာလားဟူသော
စကားကလွဲ အခြားမရှိနိုင်ပါ ။ဆိုင်ကယ်ထားပြီး အတန်းသွားရာ လမ်းတစ်လျှောက်အထိ
ကျတော့်ဘေးနားတွင် မောင် မပါသေး ။တစ်ခါတစ်လေ ကျတော် တွေးဖူးသည် ။
တစ်ချိန်ကျရင် သူငယ်ချင်း အမည်ခံလေးတောင်
မရှိတော့ဘဲ မောင် ဟာ တစ်စုံတစ်ယောက်ရဲ့ လက်ကို
ဆုတ်ကိုင်ပြီး ကျတော့် ဘေးနားကနေထွက်သွားခဲ့သည်
ဆိုလျှင် လိုမျိုးတွေပေါ့ ။သံယောဇဉ်ဖျက် ကျောခိုင်းသွားတာမျိုးမဟုတ်ပေမဲ့
အရင်းနှီးဆုံးလူတစ်ယောက်အနေနှင့်တော့ ကျတော်
ဖက်တွယ်ခွင့်ရှိတော့မည်မဟုတ် ။
YOU ARE READING
မောင့် သဲ ငယ် .. [ Complete ]
Fanfictionမောင် နဲ့ သဲငယ် ကချစ်ခဲ့ကြလို့လား ..