သခင်လေးက သူ့ကို ဘာဆက်ပြောရမှန်းမသိဘဲ ငေးကြောင်ကြည့်နေတုန်း သူ့အဖေက သူ့ဆီကို လျှောက်လာပြီး လက်ကို ဆွဲရမ်းလိုက်သည် ။

" ချစ်သား........ ၊ မင်းနဲ့ မဆိုင်တဲ့ ကိစ္စ ဝင်မပါနဲ့ ၊ ဒီက သခင်လေးက ကျွန်တော့်သားကို ဝယ်ချင်တယ်ဆို ဘယ်လောက်နဲ့ ဝယ်မှာလဲပြော ၊ ကျွန်တော့်မှာ အချိန်မရှိဘူး ''

သခင်လေး ခပ်ဟဟ ရယ်လိုက်သည် ။

" ကျုပ် ခင်များသားပြောတဲ့ အစီအစဉ်ကို သဘောကျတယ် ၊ ဒါကြောင့် သူ့ကို ကြေးကြီးကြီး ပေးဝယ်ဖို့အစီအစဉ်မရှိတော့ဘူး .............၊ တစ်ခုတော့ ရှိတယ် ၊ သူ့ကို အသနားခံပြီးတောင်းကြည့်ပေါ့ ၊ သူပြောသလောက် ပမာဏကိုကျုပ်ပေးလိုက်မယ် "

သူ့ဘက်ကို ပြန်လှည့်လာသည့် ဖခင်က

" ချစ်သား............ ဒါနောက်ဆုံးအကြိမ် အဖေ့ကို ကူညီပါ ၊ သူ့ ပုံစံကြည့်ရတာ သိန်းတစ်ရာလောက်က အသေးသုံးပါ ......၊ ဒီတစ်ခါ ပြီးရင် အဖေ သားကို ဘယ်တော့မှ မနှောက်ယှက်တော့ပါဘူး ......."

" ကျွန်တော်က သိန်းတစ်ထောင်မက တန်ပေမယ့် အဖေတောင်းတဲ့ ပမာဏ က နည်းလိုက်တာ ၊ သိန်းတစ်ထောင်ပေးလိုက်ရင်တောင် အဖေ သုံးနှစ်အတွင်း ဖြုန်းကုန်မယ်ဆိုတာ ကျွန်တော် သိတယ် ၊ ကျွန်တော့်ကို လွှတ်ပေးလိုက်ပါ ...........၊ အဖေ မလွှတ်ပေးဘူး ဆိုရင်တောင် ကျွန်တော့်ဆီမှာ အဖေ့ဆီက လွှတ်မြောက်ဖို့ နည်းလမ်းရှိတယ် ......၊ မမေ့နဲ့ဦး ............. အဖေ ဘာပြစ်မှုတွေ လုပ်ထားလည်း ကျွန်တော်အကုန်သိတယ်နော် ၊ ကျန်ရှိတဲ့ ဘ၀ကို ထောင်ထဲမှာ မဖြတ်သန်းခြင်ဘူးဆိုရင် ကျွန်တော့်ကို မနှောက်ယှက်နဲ့တော့ ''

ဘုရားရေ............. ဒါက သူ့သားလား............? သူတစ်ခါမှ မတွေးခဲ့ဖူးဘူး ။ သူ့သားက ခုလိုစကားတွေတတ်ပြီး သူ့ကို ပြန်ခြိမ်းခြောက်လိမ့်မယ်လို့ ။ ပြီးတော့ သူ့သား၏ စကားတို့သည် ညှိနှိုင်းတာနဲ့ မတူဘဲ အမိန့်ပေးနေတာနဲ့ တူလွန်းသည် ။ စိတ်ညှိ့ခံရတဲ့လူလို သူဟာထိုနေရာမှာ မလှုပ်မယှက်နဲ့ ။

" အဖေတောင်းတဲ့ ပမာဏနဲ့ ကျွန်တော့်ကို ဝယ်ပေးပါ သခင်လေး ၊ ဒီအတွက် ကျွန်တော် သခင်လေးရဲ့ အစေခံဘဝနဲ့ တစ်သက်စာ ရှိနေပေးပါ့မယ် ''

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now