Our Friendship ..

Start from the beginning
                                    

လက်​စသတ်​​တော့ ကိုယ်​​တော်​​ချောက ဘယ်​နှစ်​ခုနှစ်​ထဲက
ကြိုက်​ခဲ့မှန်းမသိ​သော အချစ်​ဦး၏ စကားကို အခုအချိန်​အထိ
မ​မေ့​သေးပုံပင်​ ။

" အို ဆယ်​ ဟွန်း .. ရူးမ​နေနဲ့ .. မင်းအချစ်​ဦးက
အခုအချိန်​ထိ ဆံပင်​အရှည်​ကြိုက်​ဦးမှာတဲ့လား ။
နည်းနည်းပါးပါး ဦး​နှောက်​ရှိစမ်း "

အိမ်​မပြန်​ချင်​လို့ သူ့တိုက်​ခန်းတွင်​ အိပ်​မည်​ဆိုမှ
နှာကစ်​သွား​သော သ​ကောင့်​သား​လေးက
ကျ​တော်​ကို အတင်းဆွဲထူပြီး အခန်းအပြင်​ နှင်​ထုတ်​​နေ
သည်​မို့ အနိုင်​ပိုင်း​နေကြစကားနှင့်​ ရန်​စ​တော့ အရင်​ကဆို
ရှူးရှူးရှဲရှဲစိတ်​ဆိုးတက်​တဲ့သူက မည်​သည့်​စကားမှ
ပြန်​မတုန့်​ပြန်​ဘဲ တံခါးကို ​စောင့်​ပိတ်​သွားသည်​ ။

ဘာလို့များ အဲ့စကားက သူ့ကို ဤ​မျှ​လောက်​ထိ
အထိနာပြီး ​ဆွေ့​ဆွေ့ခုန်​​စေသည်​မသိ ။

မနူးမနပ်​ လူပျို​ပေါက်​အရွယ်​က မြင်​သမျှ​ချော​ချော​လေး
ရင်​ခုန်​မိတိုင်း အချစ်​ဖြစ်​​လောက်​သည်​ဟု ရူး​ကြောင်​​ကြောင်
ယုံကြည်​ခဲ့သည်​ကို အခုအချိန်​အထိ အစွဲအလမ်းထား
နေသဖြင့်​ ကျ​တော်​ တကယ်​ကို အံ့သြလွန်းသည်​ ။

သူငယ်​ချင်းအရင်းကြီးကို​တောင်​ ဒါ​လေး စမိလို့
နှင်​ထုတ်​​သော အို ဆယ်​ ဟွန်း ၏ အခန်းတံခါး​ရှေ့
ကျ​တော်​ ရပ်​​နေမိတုန်းမှာဘဲ ပြန်​ပွင့်​လာ​သော
တံခါး၏​နောက်​တွင်​ စိတ်​ဆိုးသည့်​မျက်​နှာမျိုးမဟုတ်​ဘဲ
အနည်းငယ်​ ခန့်​မှန်းရခက်​သည့်​ ​အေးစက်​မှုမျိုးဖြင့်
ကျ​တော့်​အား စိုက်​ကြည့်​လာသည်​ ။

မစည်းမ​နှောင်​ဘဲ အတိုင်းသာ ဝဲကျ​နေ​သော
ရွှေအို​ရောင်​ဆံပင်​များက ပါးပြင်​နှစ်​ဖက်​​ပေါ် လူးလွင့်
လျက်​ပင်​ ။

အမြဲတမ်းအကျင့်​ပါပြီးသား လက်​က မျက်​လုံးကိုပါ
ဖုံးလာသည့်​ဆံစများကို သပ်​တင်​​ပေးပြီး
လည်​ဂုတ်​​ပေါ် တင်​ကျန်​ခဲ့သည့်​ ဆံပင်​စများကိုမူ
ပြန်မကျ​ရအောင်​ နား​နောက်​သို့ အ​သေအချာ
ပို့​ပေးလိုက်​သည်​ ။

အခုမှရှင်းရှင်းလင်းလင်းမြင်​လိုက်​​ရ​သော မျက်​နှာ​ချော​ချောက ​ရေချိုးပြီးခါစ သန့်​ရှင်းမှုနှင့်​အတူ လင်းလက်​​နေ၏ ။

" ​မောင့်​ သဲငယ်​ ​လေးက ​ချောလိုက်​တာ "

နှုတ်​ကျိုး​နေသည့်​ အ​ခေါ်အ​ဝေါ်
လက်​ယဉ်​​နေသည့်​ အပြု အမူ
မည်​သည့်​စိတ်​မှမပါဘဲ ကျ​တော်​ သဲငယ်​အ​ပေါ်
အလွန်​အမင်းခင်​တွယ်​ပါသည်​ ။

" ​မောင်​ .. မင်းကြိုက်​တဲ့​ကောင်​မ​လေးပုံစံက ဘယ်​လိုလဲ "

" ဆံပင်​ ရှည်​ ရှည်​ နဲ့ .. ဟာ .. အို ဆယ်​ ဟွန်း ..
မေးတုန်းက ​မေးပြီး ဆုံး​အောင်​နားမ​ထောင်​ဘူး ။
အို ဆယ်​ ဟွန်း တံခါးပြန်​ဖွင့်​စမ်း "

သူ​မေးလို့ ဖြေရ​သေးသည်​ ။
အ​ဖြေမဆုံးခင်​ ဒုန်းခနဲ​နေ​အောင်​ တံခါးကို
စောင့်​ပိတ်​သွားပြန်​သည်​ ။

တစ်​ခါတစ်​​လေ အို ဆယ်​ ဟွန်း ၏ စိတ်​ကို
လုံးဝ နားမလည်​သလို ခန့်​လည်းမခန့်​မှန်းတက်​ပါ ။

တစ်​ရက်​​လောက်​ တစ်​​နေကုန်​ ပွတ်​သီးပွတ်​သက်​​နေပြီး
တစ်​ပတ်​​လောက်​ ကျ​တော့်​အား ​ရှောင်​​နေသည်​မျိုး ။

တကယ်​ တကယ်​ နားလည်​ရခက်​တဲ့ သဲ ငယ်​ ။

ဒါမှမဟုတ်​ ​မောင်​ကဘဲ သဲငယ်​အ​ကြောင်း ဂဂဏဏ
မသိ​သေးလို့လား ။

ဆယ်​ နှစ်​ ကြာ သူငယ်​ချင်းသက်​တမ်းက အရင်းနှီးဆုံး
ဖြစ်​ဖို့ မလုံ​လောက်​​သေးဘူးထင်​ပ ။

ကျ​တော်​ သဲငယ်​၏ စိတ်​ခံစားချက်​နှင့်​ အပြုအမူများအား
မတွက်​ချက်​တက်​​သေးပါ ။

ကျ​တော်​ သဲငယ်​၏ စိတ်​ခံစားချက်​နှင့်​ အပြုအမူများအားမတွက်​ချက်​တက်​​သေးပါ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အို ဆယ်​ ဟွန်း ( သဲငယ်​ )


.
.
.


သောကြာ​နေ့တိုင်း အပ်​ဒိတ်​ရှိပါတယ်​ ။
မကြာခင် Fic ​တွေအပ်​ဒိတ်​ရှိ​တော့မှာပါ 😁
ဒါ​လေးက​တော့တစ်​ပတ်​တစ်​ပိုင်း 😁

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now