ချိတ်​ပိတ်​ခံရစဉ်​ မည်​သူနှင့်​မှလည်း
အ​တွေ့မခံ​တော့..
အနှစ်​ ​လေးဆယ်​​ကျော်​နီးပါး ရှင်​သန်​ခဲ့တဲ့
အသက်​အပိုင်းအခြားမှာ သူမ ​အ​ပျော်​​တွေ
ဖြစ်​ထွန်း ​စေ​သော ကိစ္စဆိုတာ မရှိခဲ့ပဲ​လေ..
လောဘ ​ဒေါသ မာန်​မာန​​တွေ ခြံရံခဲ့တဲ့
ဒီလမ်းကို သူမ ကိုယ်​တိုင်​ ထွင်းခဲ့တာပဲ..
အချစ်လား ?
လိုချင်​ခဲ့တာ​ပေါ့...
သူက ​ပြန်​​ပေးလားဆို​တော့
မေတ္တာ​တော့ ​ရောင်​ပြန်​ဟပ်​​ချင်​ ဟပ်​ခဲ့လိမ့်​မယ်
အချစ်​......ဟိုးအ​ဝေးဆုံးမှာပါ
"သခင်မ​​လေး​​ကင် ​​တွေ့ခွင့်​​တောင်း​နေပါတယ်​ မယ်​​တော်​ကြီး "
မျက်​ဝန်း​တို့သည်​ ​မျှော်​လင့်​ချက်​​တွေနဲ့
ဲ့ ကြည်​လင်​လာခဲ့ပြန်​သည်​ ..။
အခုချိန်​ထိ သူမ ​တွင်
အသိတရားမဝင်​​သေးပုံက ​သေချာသ​လောက်​ပါပဲ
ပါဝါခြုံထား​သောအမျိုးသမီးငယ်​တစ်​ဦးက
မယ်​​တော်​ကြီးအား အရိုအ​သေ​ပေးသည်​..။
မျက်​ဝန်း​မှေး​မှေးကျဉ်းတို့က မှုန်​မှိုင်းကာ ​မြွေတစ်​​ကောင်​အသွင်​ အတွင်းဓာတ်​လှိုင်​​နေ​သော အကြည့်​တို့ခြံခတ်​သည်​။အရိုအ​သေပြုရာတွင်
ပဝါလှပ်​​သော မျက်​နှာတစ်​ခြမ်းသည်​ မီး​လောင်​ရာတို့ တိုက်​စားခြင်းခံထားရသည်​ကို ​တွေ့ရ၏။
မယ်​​တော်​ကြီးစိတ်​တွင်းတွင်​ မသတီမှု​တွေ
လွှမ်းသွား​သော်​လည်း ထိုအမျိုးသမီးငယ်​သည်​ သူမ၏ ​နောက်​ဆုံး​မျှော်​လင့်​ချက်​ဖြစ်​​သော​ကြောင့်
ရွံရှာမှုကို အတင်းဟန်​​ဆောင်​ချုပ်​ထီးလိုက်​ရသည်​။
"ဘယ်​လိုလည်း စီစဉ်​ခဲ့ပြီလား "
"အကုန်​အစီအစဉ်​တကျပါ မယ်​မယ်​ ..
နေ့မကူးဘဲနဲ့ အစွမ်းပြမယ်​လို့​ပြောပါတယ်​ "
"ဒီလိုဖြစ်​ရမယ်​..ဖြစ်​ကိုဖြစ်​ရမယ်​....
အစကတည်းက မရှိသင့်​တဲ့လူကို ဖယ်​ထုတ်​လိုက်​ရုံပါ....ဟား..ဟား.."
မသတီစရာ ရယ်​​မောသံ​တွေက အခန်းတွင်း
ဖုံးလွှမ်းထားဆဲ..