5

3.7K 332 53
                                    

ဘယ်လို့အိပ်အိပ် အိပ်မပျော်ဘူး...
ရူးချင်တာပဲ အဲရင်ငွေ့ကိုမခိုလှုံရရင်ကို လူက မျက်စိမမှိတ်နိုင်...
Park chanyeolရေ စိတ်ထိန်း စိတ်ထိန်း...
မင်းကပါ ဒီလို့ဖြစ်နေလို့မရဘူး

~ဒေါက်....ဒေါက်....~

"ဟင် fanfanလား"

"အင်း"

တံခါးသွားဖွင့်ပေးတော့
"daddy အိပ်မပျော်ဘူးမလား"

"ဟင်..အဲ..နေ့လည်လောက်က ကော်ဖီသောက်လိုက်မိလို့ရယ် "

"အင်း fanချော့သိပ်မယ် လာ"

လက်ကိုဆွဲပြီး ခုတင်ပေါ်အတင်းခေါ်သွားတဲ့fanfan

"fanfan ကိုယ်အခန်းကိုယ်အိပ်ဆို"

"ဖက်ပေးမယ်သူမရှိရင် အိပ်မပျော်ဘူးမလား
Daddyလုပ်သမျှ ဘေးဘက်ခန်းကနေ ကြားနေရတဲ့ကျွန်တော်လည်း အိပ်မရဘူး ပြီးတော့ ခွလုံးကို ဖက်ရတာ daddyကိုဖက်ရတာနဲ့ မတူတော့ အိပ်မရဘူး
စိတ်ဆိုးချင်ချင် fanကိုတရားချချင်ရင်ရင် မနက်ကျမှ လုပ်တော့ အခုတော့ အိပ်ကြရအောင်
မနက် meetingရှိတယ်"

ဘာမှပြန်မပြောနိုင်ဘဲ fanfanရင်ခွင်ထဲရောက်သွားပြန်ပြီ
Fanfanဆိုရင် ဘယ်တော့မှ မတွန်းလှန်နိုင်ပြန်
ဒါနဲ့များ fanfanကိုတရားချအုံးမယ်
အင်း fanfanကိုပဲ ငါက တရားချနိုင်မလား
သူပြောသလို့ပဲ ငါကလုပ်မိမလားဘဲ

#############

မနက်လင်းတော့ Fanမရှိတော့ ရုံးသွားပြီထင်တယ်
ထုံးစံအတိုင်း သူလုပ်နေခဲ့တဲ့မနက်စာစား
ခြံထဲက နှင်းဆီပန်းတွေ့ကို အချိန်ပေးလိုက်
Toben နဲ့ ဆော့လိုက်
ကော်ဖီတစ်ခွက်နဲ့စာအုပ်ဖတ်လိုက်
သာသာယာယာပါပဲ

Fanfanနဲ့ကိစ္စ ခေါင်းမပူဘူးလားဆိုရင် ပူတာပေါ့ ပူရတာပေါ့
ဒါပေ့မယ် တချိန်မှာ ဖြစ်လာမယ်ဆိုတာ ကြိုတွေးပြီးသား
တခါတလေ လူစိတ်က ထူးဆန်းတယ်

ပြောရတယ် FanFanနဲ့ကျွန်တော်နဲ့အခြေအနေကဟိုမကျဒီမကျဆိုပေ့မယ် နှစ်ယောက်လုံးကိုယ်စိတ်သူစိတ်သိနေကြတာပဲလေပြီပီးမလား
ဒါပေ့မယ် တရားဝင်ဆိုပြီး Fanfanကဖြစ်ချင်လာမှာပဲလေ

ဒီတိုင်း လူမသိသူမသိ ရှိနေရင်လည်း ရတာပဲကို
တရားဝင်ဆိုပြီး လိုချင်သည်
လူစိတ်ဆိုတာ မျောက်စိတ်ထဲနက်နဲတယ်
မျောက်ကမှ မငြိမ်တာပဲရှိမယ်
ဒီလောက်ရှုပ်မယ်မထင်

Daddy!!!!!!!!!Where stories live. Discover now