ဒီရေ အရမ်းသွားချင်​ခဲ့​သော​နေရာ​လေး..
အဝင်​ဝတွင်​သစ်​သားဖြင့်​စာလုံးထွင်းထား​သောဆိုင်းဘုတ်​​လေး
Shwe Pyi Resort......

ဒီ​ရေတစ်​​ယောက်​ဝယ်​လာ​သောမုန့်​ထုပ်​ကြီးကိုပိုက်​ကာပြုံးဖြီး​နေ​သောမျက်​နှာကြီးဖြင့်​..​မြေနီလမ်း​လေးအတိုင်းခုန်​​ပေါက်​ဝင်​သွား​လေသည်​..
အ​နောက်​မှ လျှမ်းဆက်​ က​တော့မနိုင်​ဘူးဟူ​သောပုံစံနှင့်​​ခေါင်းခါယမ်းလျက်​...
ဆိုင်ကယ်ကိုအပေါက်ဝတွင်အပ်ထားခဲ့ပြီး
Guitarလွယ်ကာ ဒီရေနောက်သို့လိုက်လာခဲ့သည်။

ခုန်ဆွခုန်ဆွနှင့်လမ်းလျှောက်နေရင်းမှ တနေရာအရောက်တွင်ရပ်ကာပန်းပုရုပ်အားအံ့သြစွာ
ငေးကြည့်နေသည်။
ထို့နောက်မိမိဘက်လှည့်လာပြီး

''လျှမ်းလေး…… လျှမ်းလေး…… လာဦး''
ဖြီးနေသောမျက်နှာနှင့်လက်ယက်ကာ
ခေါ်နေပုံထောက်တော့တစ်ခုခုလိုချင်ပြန်ပြီထင်တယ်။
ခြေကိုခပ်သွက်သွက်လှမ်းရင်း…

''ပြော  ''

''ဟီးးးး ငါ့ကိုဒီအရုပ်ကြီးနဲ့ဓာတ်ပုံရိုက်ပေး''

လျှမ်းဆက် ဒီရေအား ဘုကြည့်ကြည့်ရင်း

''ပေး ဖုန်း……''

''မင်းဖုန်းနဲ့ရိုက်ပေး ……အင့်''
ဒီရေတစ်ယောက်ပြောရင်း လက်ထဲမှမုန့်ထုပ်များအား
လျှမ်းဆက်လက်ထဲထည့်ပေးရင်း
လက်နှစ်ချောင်းထောင်ကာအပြီအပြင်ပဲများနေလေသည်။
လျှမ်းဆက်မှာတော့ လွယ်အိတ်နှင့်guitarအိတ်အပြင် မုန့်ထုပ်ပါလက်ကဆွဲထားရသေးသည်။
အထုတ်ပေါင်းများစွာနှင့် ဒီရေနောက်တကောက်ကောက်လိုက်ကာ
သူပဲများသမျှလိုက်ရိုက်ပေးရသည်။

''မလှဘူး ဖြတ် ဒီပုံ ဒီပုံပြန်ရိုက်ပေး……''
ဤသို့ဤသို့ …
စိတ်တိုစရာကောင်းပေမဲ့

''လျှမ်းလေး ငါ့ဗိုက်လေးမပူဘူးမလား
ငါ့အသက်အောင့်ထားတာ
မြန်မြန်လေး ဗိုက်မပူစေနဲ့နော်''

ဒီလိုတမျိုး……

''ငါဘယ်လိုနေရမလဲ ငါ့ကိုကြည့်ပေးဦး
ဒီနားကမှောင်သလိုဘဲ
လျှမ်းလေး လက်နှစ်ချောင်းထောင်တာကောင်းလား
ဒီတိုင်းနေရမလား လိုင်စင်ပုံရိုက်နေတာနဲ့တူသွားမလား
ဟမ်  တစ်ခုခုပြောဦးလေ ''

CAN I............(Completed!)Where stories live. Discover now