တောင်းပန်ပါတယ် …

မြေပြင်ကမ္ဘာ ဟိုးကောင်းကင်ကြီးထက်မှာ … နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ … မင်းပေါ့ကွာ … ရှောင်လို့တိမ်းလို့ မလွတ်နိုင်ပါ … ကြုံဆုံတဲ့ မင်းနဲ့ဘဝ … ရှေ့ကို ဘယ်လိုများ ရင်ဆိုင်ရမှာ …

နောက်ဆုတ်ဖို့ ကြိုးစားရင်း … ကိုယ်ရှေ့တိုးမိ … မေ့ပျောက်ဖို့ အားထုတ်မှ … ပိုမိုကာ သတိရမိ …

နောက်ဆုတ်ဖို့ ကြိုးစားရင်း … ကိုယ်ရှေ့တိုးမိ … မေ့ပျောက်ဖို့ အားထုတ်မှ … သတိကရနေပြန်မိ …

နားထဲသို့တစ်ပိုင်းတစ်စစီ ဝင်ရောက်လာသောသံစဉ်နှင့်အတူ လွင့်ပျံ့လာသောသီချင်းကြောင့် လင်းခန့်အသာပြုံးလိုက်မိသည်။

ထိုသီချင်းက မိမိကို လှောင်ပြောင်နေသလိုပါပဲ။ သူတစ်နေ့မှ မေ့မရခဲ့ပါ။ ကိုယ့်ကိုယ်စွန့်ပစ်ခဲ့သူလို့ နာကျင်ချင်ပေမယ့်လည်း နှလုံးသားက ခွင့်မပြုချေ။

ကိုယ့်ဆီကို ပြန်လာပါတော့လား ဟန် …

~~~~~~~~~~~~~~~~~~~~~~~

" သား ... သားလေးရော "

မော်လမြိုင်ဆေးရုံကြီးသို့ ရောက်သည်နှင့်တစ်ပြိုက်နက် ဆေးရုံရှေ့တွင်မိမိကိုစောင့်နေသော သောင်းထွန်းအား အလျှင်စလိုမေးလိုက်မိသည်။

" သားဟန်တွက် စိုးရိမ်စရာမရှိတော့ပါဘူး၊ အစာအိမ်ဖြစ်နေတဲ့အပြင် နေမကောင်းဘဲ ညဘက်ကြီးအပြင်မှာထွက်ထိုင်နေတာကြာလို့ အအေးမိသွားတာ၊ ကိုယ်ခံအားမရှိနဲ့ဆိုတော့ ကလေးကသတိမလည်တော့သလို ဖြစ်သွားတာ၊ ဆရာဝန်ကတော့ စိုးရိမ်စရာမရှိတော့ဘူးလို့ပြောတယ် "

" သားလေး ... သားလေးဆီ သွားရအောင် "

" ဧည့်တွေ့ချိန်က ကုန်နေပြီ၊ ဒီနားမှာ ကျွန်တော်သူငယ်ချင်းအိမ်ရှိတယ်၊ ခရီးလည်းပန်းလာတော့ ဒီနေ့တော့နားလိုက်ပါတော့လား၊ နက်ဖြန်မှပဲ တူလေးကိုလာတွေ့လိုက်တော့လေ၊ တူလေးတွက်မပူနဲ့ ဇင်မာစောင့်ပေးနေတယ်၊ လာ ... လာ ကျွန်တော်တို့ သွားရအောင်၊ အထုတ်ပေး ကျွန်တော်ကို "

သားကိုတွေ့ချင်ဇောနဲ့လိုက်လာပေမယ့် ဒီရောက်တော့ တွေ့ခွင့်မရတော့ပေ။ ထိုကြောင့် သောင်းထွန်းရဲ့စကားကိုသာ နားထောင်ပြီး သူ့သူငယ်ချင်းအိမ်သို့လိုက်လာခဲ့လိုက်သည်။

တစ်ရံရောအခါ.....Kde žijí příběhy. Začni objevovat