Part ( 34 )

697 31 0
                                    

ရော်ဘာပင်များ တန်းစီစိုက်ပျိုးထားသော စိုက်ခင်းကြီးထဲတွင် ကောင်လေးတစ်ယောက်သည် ရာဘာပင်ရဲ့ပင်စည်ကိုမှီကာ ထိုင်နေလေသည်။  မျက်လုံးစုံမှိတ်ကာ အသက်ကိုခပ်ပြင်းပြင်းရှုနေပုံအရ ထိုကောင်လေးပုံစံသည် မောပန်းနေဟန်ရှိသည်။ အချိန်အတော်ကြာမှ ထိုကောင်လေးမျက်လုံးတို့ ဖွင့်လာကာ ရော်ဘာရွက်များဖြင့် ဖုံးကွယ်နေ၍ တစ်စွန်းတစ်စသာမြင်ရသော ကောင်းကင်ကြီးကို မော့ကြည့်၍ မျက်ရည်ဝဲလျှက်ရှိနေလေသည်။

ပါးပြင်ထက် တဖြည်းဖြည်းကျလာသော မျက်ရည်တို့ကိုသုတ်လိုက်ရင်း ဒူးခေါင်းထက်ခေါင်းကိုတင်ကာ အသံတိတ်ငိုကြွေးနေလေသည်။

အချိန်အတော်ကြာသည့်တိုင် အားရအောင်ငိုကြွေးပြီးသည့်နောက်တွင်တော့ မျက်ရည်တို့ကို ဖိသုတ်လိုက်ရင်း အသံတိုးတိုးလေး ထွက်ပေါ်လာလေသည်။

" သတိရတယ် အစ်ကို "

ဦးငယ်လေးအိမ်သို့ ဟန်စစ်ရောက်နေသည်မှာ တစ်ပတ်ပင်ပြည့်ပြီ။ အစ်ကို့ဆီလည်း သူဆက်သွယ်ခွင့်မရချေ။ ဆက်သွယ်ဖို့မကြိုးစားမိတာဆိုရင် ပိုမှန်ပေလိမ့်မည်။အစ်ကိုတို့နှင့် ခရီးသွားပြီးပြန်ရောက်သည့်အချိန်မှစ၍ မိမိကို မည်သူနှင့်မျှ ဆက်သွယ်ခွင့်မပေးတော့ချေ။ အစ်ကို့ကို လမ်းခွဲဖို့ပြောခဲ့တုန်းက မိမိလက်မခံခဲ့တာကြောင့်လည်းပါသည်။

အစ်ကို့ဆီဆက်သွယ်ဖို့ သူကြိုးစားရင်ရပေမယ့် ယခုလိုအခြေအနေမျိုးတွင် အစ်ကို့ကို သူမဆက်သွယ်ချင်ပေ။ မိမိကြောင့် အစ်ကိုစိတ်ညစ်မှာကိုမလိုလားပေ။ ပြီးတော့ မေမေသဘောမတူသည်ကို သိနေရက်နဲ့ အစ်ကို့ဆီကို သူမဆက်သွယ်ချင်။ မေမေ့ဆီက ခွင့်ပြုမှုရသည့်အချိန်မှ အစ်ကို့ဆီသူဆက်သွယ်ချင်သည်။ မိမိကြောင့် မေမေ့ကိုရော အစ်ကို့ကိုပါ စိတ်မညစ်စေချင်။

အစ်ကို သိလား … ကျွန်တော် ငယ်ငယ်က ဆော့ကစားခဲ့ဖူးတဲ့ ဒီရော်ဘာခင်းကြီးက အခုတော့ ကျွန်တော့်တွက် တိတ်တဆိတ်ငိုကြွေးရာနေရာ၊ အစ်ကို့ကို ချစ်တဲ့အကြောင်းဖွင့်ပြောရာနေရာဖြစ်နေပြီ။ ဒီရော်ဘာခင်းထဲက အပင်တွေက လူတွေလိုစကားပြောတတ်ရင်လေ အစ်ကို့ကို ချစ်တဲ့အကြောင်း ဖွင့်ပြောလွန်းလို့ ကျွန်တော်ကို ငါတို့ နားငြီးနေပြီ ဟန်စစ်ရ။ တော်ပါတော့ဟ ဆိုပြီး ကျွန်တော်ကို ပြောနေလောက်ပြီ။

တစ်ရံရောအခါ.....Where stories live. Discover now