Part ( 41 )

887 38 0
                                    

လက်ခံထားသောဒီဇိုင်းတို့ကိုဆွဲနေရင်းမှ ဘေးနားကခွက်ဆီသို့ အကြည့်ရောက်သွားတော့ လင်းခန့်ပြုံးလိုက်မိသည်။ ကြည့်ရတာ သူ့အတွက် ကော်ဖီဖျော်ပြီး လာထားပေးသွားတာထင်သည်။ လုပ်လက်စအလုပ်ကို ခဏရပ်လိုက်ပြီး  ကော်ဖီခွက်ဆီသို့ လက်လှမ်းလိုက်ကာ တစ်ငုံ့မျှမော့သောက်လိုက်သည်။ ခါးသက်သက်၊ချိုဆိမ့်ဆိမ့်နှင့် ဝင်လာသောကော်ဖီတို့ကို သောက်လိုက်ရင်း အလိုက်သိသောချစ်သူလေးကို အချစ်တိုးရသည်။

မိမိချစ်သူလေးက ဒီလောက်ထိ ချစ်ဖို့ကောင်းနေလိမ့်မည်ဟု မထင်ထားပါ။ အစ်ကို့ကိုနှိပ်စက်ဖို့ လာခဲ့သည်ဟု ကြွေးကြော်နေပေမယ့်လည်း သူ့အလုပ်လုပ်နေချိန်တွင် မိမိစားရန် ထမင်းကအစပြင်ဆင်ပေး၍ ကော်ဖီသောက်ဖို့ပါအသင့် ဖျော်ပေးတတ်လေသည်။

အင်း … အလုပ်လုပ်နေချိန်ကလွဲရင်တော့ တစ်မျိုးမဟုတ်တစ်မျိုး သူ့ကိုနှိပ်စက်တတ်ပေမယ့် ဆိုးသည်ဟုလည်းမဆိုသာပေ။ မိမိကလည်း ထိုအပြုအမူတွေကြောင့် အချစ်တိုးလာရသည်မဟုတ်လား။ တစ်နေ့တစ်ခြားတိုးပွားလာသော အချစ်တို့ကြောင့် ထိုကောင်လေးကို မည်သို့စီရင်ရတော့မည်နည်း။

ဆွဲလက်စဒီဇိုင်းကို သေချာသိမ်းဆည်းလိုက်ပြီးနောက် ကွန်ပျူတာကိုပိတ်လိုက်ကာ ကော်ဖီခွက်ကိုကိုင်၍ အခန်းထဲမှထွက်လာလိုက်သည်။

ဆိုဖာခုံတွင် အကျအနတင်ပလ္လင်ခွေထိုင်ကာ TVမှပြသနေသောဇာတ်လမ်းတွဲကို ပေါက်ပေါက်ဗူးလေးပိုက်၍ စိတ်ဝင်တစားကြည့်နေသော ဟန့်အနားသို့ သူဝင်ထိုင်လိုက်သည်။ သူ့အနားတွင်ထိုင်လိုက်သော မိမိကိုလှည့်ကြည့်ကာ

" အလုပ်ပြီးသွားပြီလား "

" မပြီးသေးဘူး … ခဏနားတာ။ ဘာကားကြည့်နေတာလဲ "

" ကိုးရီးယားကား "

" ဇာတ်လမ်းကောင်းလား "

" မသိဘူးလေ … ကျွန်တော်လည်း ပျင်းလို့ TVကလာတာကို ကြည့်နေတာ "

ကပေါက်တိကပေါက်ချာနှင့်ပြန်ဖြေလာသော အဖြေကြောင့် ကိုယ့်နဖူးသာ ကိုယ်ပိတ်ရိုက်လိုက်ချင်သည်။ သူကိုယ်ကမှားတာပါ။ အဲ့တာလေးအကြောင်းသိရဲ့သားနဲ့ လေရှည်ပြီးမေးမိတာ။

တစ်ရံရောအခါ.....Where stories live. Discover now